ဆု (4) ZawGyi &Unicode

1.1K 129 24
                                    


ဒီ​နေ့နှိုးလာရတဲ့ မနက်​ခင်းက အရင်​​နေ့​တွေနဲ့မတူဘူး။ လွတ်​လပ်​မှုမရှိပဲ တစ်​ခုခုကချုပ်​​နှောင်​ထားသလို ခန္ဓာကိုယ်​ကတင်းကြပ်​ကာ ​လေးလံ​နေတယ်​။ မျက်​လုံးကလဲ မဖွင့်​ချင်​​လောက်​​အောင်
ပျင်းရိ​နေပြီး အိပ်​ချင်​စိတ်​က ကြီးစိုး​နေတယ်​။

ခေါင်​မိုးထပ်​မှာ လူနှစ်​​ယောက်​က ပြင်းပြစွာနမ်းရှိုက်​​နေသည်​။ ဟမ်​....တစ်​​ယောက်​က ချန်​​ယောလ်​ပါလား။ သူ ဘယ်​တုန်းက ​ကောင်​မ​လေးရသွားတာလဲ။ ကျ​နော်​ ​သေ​သေချာချာ ​တွေ့ရဖို့ သူတို့နားကပ်​သွားလိုက်​တယ်​။

What!!!!!!!!

ငါ...ငါကိုယ်​တိုင်​က.....ချန်​​ယောလ်​နဲ့!!!!

အိပ်​​နေရာမှ ဝုန်းခနဲထထိုင်​လိုက်​တဲ့ ​ဂျောင်​ဆူးဟာ သူ့​ဘေးမှာအိပ်​​မောကျ​နေတဲ့ ချန်​​ယောလ်​ကို
မျက်​လုံးပြူးမျက်​ဆန်​ပြူးနဲ့ ကြည့်​ရင်းမှင်​သက်​​သွားသည်​။

"ဝါး.....​ဂျောင်​ဆူး...နှိုး​နေပြီလား ?"

ချန်​​ယောလ်​ အ​ညောင်းဆန့်​ကာ ကုန်းထ​လေ​တော့ လိပ်​က​လေးအခွံထဲဝင်​ပုံးသလို ​စောင်​ခြုံထဲစွတ်​ခနဲ တိုးဝင်​လိုက်​​သော ​ဂျောင်​ဆူး။

"ဟက်​...ရှက်​​နေတာလား။ "

"အား~~~~"

စောင်​ခြုံထဲက​နေ အံကြိတ်​​အော်​​နေ​သော ​ဂျောင်​ဆူးကို သူက​တော့ တဟားဟား​အော်​ရယ်​​နေခဲ့​တော့သည်​။
နောက်​ဆုံး ဘယ်​လို​ခေါ်​ခေါ်ထွက်​မလာတဲ့ ​ဂျောင်​ဆူးကို သူပြစ်​ချထားခဲ့ရင်း ​မျက်​နှာသစ်​လိုက်​ရသည်​။

"ဟူး...ဘယ်​လိုစိတ်​နဲ့ညက သူနဲ့နမ်းလိုက်​ရတာလဲ အရူးရဲ့။ အား...စိတ်​ရှုပ်​လိုက်​တာ။"

သူ့​ခေါင်းသူအကြိမ်​ကြိမ်​ထုရိုက်​ရင်း ​ပြော​နေ​ပေမဲ့
ထွက်​လာတဲ့အ​ဖြေက တစ်​ခုတည်းရယ်​။
အံ့သြစရာပဲ....ဘာတဲ့ ချစ်​မိသွားတာ။ဟား...။

.
.
.
.
.
.
.
.
ထမင်းစားပွဲမှာ ပြုံးစိစိနဲ့ထိုင်​​စောင့်​​နေတဲ့ ချန်​​ယောလ်​ဆီ သူရှက်​ရှက်​နဲ့ဖင်​ကုတ်​​ခေါင်းကုတ်​လုပ်​ရင်း သွားထိုင်​လိုက်​သည်​။

ဆု (Completed )Where stories live. Discover now