ဆု (14) ZawGyi & Unicode

830 147 31
                                    


နူးညံ့စွာသိမ်းသွင်းလာတဲ့ အနမ်းတစ်ခုအောက်မှာ ဂျောင်ဆူးမျက်လွှာချထားလိုက်သည်။ မျက်နှာချင်းဆိုင်မဟုတ်ထားတဲ့ သူ့ရဲ့လည်ပြန်အနမ်းက အဆင်ပြေဟန်တော့မရှိ။ အောက်နှုတ်ခမ်းသားကို တဖွဖွကိုက်ရင်း ခံတွင်းထဲတိုးဝင်နေတဲ့လျှာဖျားကိုလက်ခံရင်း ဘာဖြစ်ဖြစ်ဆိုတဲ့စိတ်က ဒီအတိုင်းလွှတ်ထားလိုက်လို့ ဖြစ်ပါ့မလား။

ဆိုဖာပေါ်ထိုင်ထားတဲ့ ဆယ်ဟွန်းရဲ့ပေါင်ပေါ် ဘေးတိုက်တင်ပလွဲထိုင်ထားရာက မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ခွထိုင်လိုက်သည်။ မွန်းကြပ်နေတဲ့စိတ်လေး နဲနဲလောက်ဖြစ်ဖြစ် လွင့်မျောသွားပါစေတော့။ ဆယ်ဟွန်းရဲ့လည်ဂုတ်အား ဖက်တွယ်ရင်း ခပ်အီအီအနမ်းထဲ သူ့ဘက်မှစကာ တိုးဝင်ခံစားလိုက်တော့သည်။ အနမ်းကနက်ရှိုင်းလာလေ သူ့ခါးမှာနေရာချထားသော ဆယ်ဟွန်းရဲ့လက်တို့က အလျော့အတင်းစိပ်လာလေနှင့်။ ကျောက်နောက်ဘက်ကအင်္ကျီထဲ သွယ်လျလျလက်ချောင်းတို့တိုးဝင်လာတော့ သူရင်တထိတ်ထိတ်နဲ့ ထိုအနမ်းထဲကရုန်းကန်လိုက်မိသည်။ နဖူးချင်းထိကပ်ရင်း မျက်စိမှိတ်လျက် အသက်ကိုပြင်းပြစွာရှူထုတ်နေမိတော့ စူးစိုက်ကြည့်ခံနေရသလို ခံစားချက်က သူ့စိတ်ကိုပို၍မလုံသည့်မလုံလဲဖြစ်စေပြန်သည်။

" ဘေဘီ~~~"

" ပြောစရာရှိလို့ဆို "

ဆယ်ဟွန်းရဲ့အလိုမကျသလို စကားသံကိုလျစ်လျူရှုရင်း ပေါင်ပေါ်ခွထိုင်ထားရာကထမည်အပြု လှမ်းဆွဲထားတဲ့ လက်တစ်စုံ။

" ဒီအတိုင်းလေးပဲနေပါ။ "

"မြန်မြန်ပြောလေ။ အိမ်ပြန်နောက်ကျနေလိမ့်မယ်။ "

ညတစ်ဆယ့်တစ်နာရီမှရောက်လာတဲ့သူကို ဒီစကားပြောလိုက်တာဟာ သိပ်ကိုလက်လွတ်စပယ်
ဖြစ်သွားမှန်း သူသတိမထားမိတော့ဘူး။ ဆယ်ဟွန်းကတော့ ခပ်အေးအေးပြုံးလာရင်း သူ့ပါးကိုဖျတ်ခနဲနမ်းတယ်။

" ဟုတ်ပါပြီ။ မနေ့က အမေရိကားက ကိုယ့်သူငယ်ချင်းက ဆက်သွယ်လာတဲ့အကြောင်းပြောမလို့။ သူက သူ့အဖေရဲ့လုပ်ငန်းမှာဝင်လုပ်နေတာ
ကြာပြီလေ။ အခုသူက ကိုယ်တိုင်ခွဲထွက်ပြီး စွန့်စားတော့မယ်ဆိုပြီး ကိုယ့်ကိုလာပြောတယ်။ အပြင်စီးပွားရေးမဟုတ်ပဲ အနုပညာလောကထဲမှာပေါ့။ "

ဆု (Completed )Where stories live. Discover now