ဆု (13) ZawGyi & Unicode

791 124 29
                                    


ငါးနှစ်အရွယ်သာရှိသေးတဲ့ ကလေးလေးက
" Thirdly Apology " ဆိုတဲ့လွန်ခဲ့တဲ့အပတ်က ထွက်ရှိထားတဲ့ အယ်လ်ဘမ်လေးကို ကောက်ကိုင်ရင်း တပြုံးပြုံးဖြင့်။ လက်ကလေးနဲ့ ပွတ်သပ်ကာ ကြည့်နေတဲ့ ကလေးလေးရဲ့ မျက်ဝန်းတွေက လိုချင်နေသော အရိပ်အယောင်တွေအပြည့်အဝနဲ့။ သူမထိုကလေးလေးကိုကြည့်ရင်း ငယ်ငယ်က ဂျောင်ဆူးလေးကိုပြန်ကြည့်နေရသလို ခံစားနေရသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အတိအကျပုံဖော်ထားသလို နှုတ်ခမ်းဖူးဖူးလေးက ချစ်စရာ။ နားရွက်ကားကားလေးကလဲ အထူးအဆန်း။ သားဖြစ်သူရဲ့အယ်လ်ဘမ်တစ်ခုထွက်တိုင်း အပြင်ထွက်ပြီး ရှိသမျှဆိုင်လှည့်ပတ်ကြည့်ကာ
လူတွေရဲ့တုံ့ပြန်မှုကို ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်တတ်တာက သူမအကျင့်။ ဒီတစ်ခေါက်မှပဲ ထူးထူးခြားခြား ကလေးလေးတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကိုရထားတဲ့ သူမသားအတွက် ပိုပြီးဂုဏ်ယူမိသေး။ ဂီတကိုအထိုက်အလျောက် ခံစားတတ်သူတွေထက် နားမလည်သေးတဲ့ ဒီလိုကလေးက စိတ်ဝင်တစားရှိနေတော့ ပိုသဘောကျမိသည်ပေါ့။ သူမရပ်ကြည့်နေရင်းမှ မနေနိုင်တော့လို့ ထိုကလေးလေးနား သွားရပ်လိုက်သည်။

" သဘောကျနေတာလား ? "

အသံချိုချိုလေးနဲ့မေးလိုက်တော့ မော့ကြည့်လာတဲ့ ကလေးလေးက တကယ်ပါပဲ။ ဂျောင်ဆူးငယ်ငယ်ကလို့ ဓာတ်ပုံရိုက်ပြီးပြရင်တောင် မယုံနိုင်စရာမရှိတော့ဘူး။

"ဟုတ်။ သားက အဲ့ဦးဦးကို ကြိုက်တယ်။ "

ကိုရီးယားသံသိပ်မပြီတဲ့ ကလေးက ကြည့်ရတာတော့ လုံးဝကိုရီးယားစစ်စစ်ဟုတ်မှာဖြစ်ပေမဲ့ အသံကတော့ နဲနဲတစ်မျိုးဖြစ်နေသည်။

"အိုက်ဂိုး...ချစ်စရာကောင်းလိုက်တာ။ ကလေးလေးက ဒီလိုသီချင်းတွေလဲ နားထောင်တတ်တယ်ပေါ့။ "

"ဟုတ် "

"သားလေးက ဒီအယ်လ်ဘမ်ကိုဝယ်မလို့လား။ သားရဲ့မိဘတွေရော ? "

"ရှူး ....တိုးတိုး "

ကလေးလေးက လက်ညိုးလေး နှုတ်ခမ်းမှာကပ်ကာ သူမဘေးနားကပ်လာသည်။ ထို့နောက် သူမကို ခေါင်းငုံ့လာဖို့ မျက်လုံးလေးမှိတ်ပြ လက်ကလေးရပ်ပြလို့ခေါ်နေပြန်သည်။ ချစ်ဖို့ကောင်းအောင်လုပ်တတ်တဲ့ ကလေးလေးကို သူမသဘောတကျနဲ့ရယ်မိသွားရင်း ကလေးအလိုကျ ငုတ်တုတ်ထိုင်ပေးလိုက်သည်။

ဆု (Completed )Where stories live. Discover now