လျှံထွက်မလာအောင် ပုလင်းဝမှာဆို့ထားတဲ့ အပိတ်ကို ဆွဲထုတ်ကာ ခွက်ထဲအပြည့်လောင်းချလိုက်သည်။ တိတ်ဆိတ်လွန်းနေလို့ နာရီသံတချက်ချက်က နံရံပေါ်ကနေ ကျယ်ကျယ်လောင်လောင်
မြည်နေတယ်။နှာခေါင်းဝမှာတင် စူးခနဲဖြစ်သွားစေတဲ့ အနံ့က သူ့လည်ချောင်းအထိ တိုးဝင်လာပေမဲ့ အနည်းဆုံးတော့ ဒါဟာ ခံစားနေရသမျှကို ခဏတာမေ့သွားစေနိုင်သေးတယ်မဟုတ်လား။ မျက်နှာကိုရှုံ့မဲ့ကာ ရေမရောထားတဲ့ ယမကာကို တစ်ခါတည်းမော့ချပြစ်လိုက်သည်။ ပူထူစွာစီးဆင်းသွားတဲ့အရသာက လည်ချောင်းတစ်လျှောက် အဆင်မပြေဖြစ်နေပေမဲ့ ဆက်တိုက်မနားတမ်း တစ်ခွက်ပြီးတစ်ခွက် အရွဲ့တိုက်ကာသောက်နေလိုက်တယ်။
အရှိန်တက်လာတဲ့အရက်က သူ့ခေါင်းတွေကို ချာချာလည်လာစေပြီး တွေ့သမျှအရာတိုင်းက ဝေဝေဝါးဝါးနဲ့။ မူးလာရင် ခံစားနေရတာတွေ မေ့သွားမယ်ထင်ပေမဲ့ မျက်ရည်တစမ်းစမ်းနဲ့သူက အခုထိဘာကိုမှ မမေ့သွားသေးဘူး။ ဒီတစ်ခါ အရက်ပုလင်းလိုက် ကောက်ကိုင်ကာ အကုန်မျောချလိုက်သည်။
"အား.....ဘယ်လို...လုပ်မှ...ငိုနေမိတာက ရပ်မှာလဲ။ "
စကားတောင် လေးပင်စွာပြောနိုင်တော့တဲ့ အခြေနေကြား မေ့မသွားတဲ့အကြောင်းအရာတွေအတွက် တမင်တကာရယ်ချလိုက်မိရင်း စားပွဲပေါ်ချထားတဲ့ ကားသော့ကို လှမ်းယူကာ မတ်တပ်ထလိုက်သည်။
"ကားပတ်စီးပြစ်မယ်~~~ "
ဒုန်း !!!!
ခြေမနိုင်ကာလှဲကျသွားတဲ့သူက ကြမ်းပေါ်အတုန်းအရုန်းပြန်လှဲကျသည်။ထပ်ပြီး ဘေးကခုံကို လက်နဲ့ထောက်ကာ မရမကပြန်ထရင်း တံခါးဝဆီသွားသည်။ ညအချိန်မတော်ကြီး ကားပါကင်အထိဆင်းလာတဲ့သူက လမ်းလျှောက်နေရာက အကြိမ်ကြိမ်လှဲကျလိုက် ပြန်ထလိုက်နဲ့ နောက်ဆုံးတော့ သူ့ကားရှေ့ ရောက်လာခဲ့ပြီ။
"ဂျောင်ဆူး !!!! "
နောက်ကနေလှမ်းဆွဲလာတဲ့ လက်တစ်စုံကြောင့် စူးစိုက်ကြည့်မိလိုက်တော့...မေမေ ? ပါကင်ထိုးပြီးသူ့ဆီလာနေတဲ့ဖေဖေရော။ ဟက်~~ဘယ်လိုလုပ်ပြီး အခုချိန်မှပေါ်လာကြတာလဲ။
YOU ARE READING
ဆု (Completed )
Fantasía"မင်းကိုချစ်ရတာ ထင်သလောက်လေးတောင်မင်းအတွက်မထိုက်တန်ခဲ့ဘူး"