*ပြော...စီနီယာချန်း။ darling တော့မရှိဘူး။ *
ဂျောင်ဆူးဖတ်လက်စ စာအုပ်လေးကို ဘေးနားချထားလိုက်သည်။
*အေး။ ငါလဲ ချန်ယောလ်ကို ဆက်ကြည့်သေးတယ်။ ဖုန်းမကိုင်လို့ မင်းဆီဆက်လိုက်တာ။ *
*darling က ကိစ္စ...ကိစ္စရှိလို့ အပြင်သွားတာလေ။ သူ့ဖုန်းက အိပ်ထဲထည့်ထားတာမို့ မသိတာနေမယ်*
သူတို့မှာလဲ ချန်းဖုန်းဆက်တိုင်း အလိမ်မပေါ်စေဖို့ တစ်ချိန်လုံး ဖုံးကွယ်ထားရတာ အဆင်မပြေပါ။
ဖေဖေတို့မေမေတို့မသိအောင် ဒီမှာကလေးလာမွေးတာမို့ ဘယ်သူ့ကိုမှလဲ မသိစေချင်။ ကလေးမွေးပြီးမှသာ ဘယ်လိုဖြစ်ဖြစ်တားမရနိုင်တော့တဲ့ အခြေနေကိုဖန်တီးပြီးသားဖြစ်ရင်း အဲ့ဒီအချိန်မှသာ ထုတ်ပြောဖို့စဉ်းစားထားကြသည်။*ဒါဆိုလဲ မင်းကိုပဲအရင်ပြောတာပေါ့။ ဒီကိစ္စမင်းနဲ့ပိုသက်ဆိုင်တော့လေ။ *
*ပြောပါ စီနီယာချန်း။ ဘာများဖြစ်လို့လဲ *
*မင်းတို့အဲ့မှာ ဘာလုပ်နေကြမှန်းမသိပေမဲ့...နောက်သုံးလနေရင်တော့ ကိုရီးယားကိုပြန်လာစေချင်တယ် ဂျောင်ဆူး။ ချန်ယောလ်မပါရင်တောင် မင်းတစ်ယောက်ထဲ လာရမယ်။ *
*ကျနော်က...ဘာလို့ *
*နောက်သုံးလနေရင် ငါတို့ကုမ္ပဏီက လူရွေးပွဲရှိတယ် ဂျောင်ဆူး။ ငါတော့ မင်းကိုပြန်လာစေချင်တယ်။ ငါနဲ့လေ့ကျင့်ထားတဲ့အချိန်တွေမှာ မင်းအများကြီး တိုးတက်လာတာမို့ မင်းရဲ့အခြေနေကို ငါအသိဆုံးပဲ။
အဲ့တာ...** ကျနော် လာမယ်။ ကျနော် သေချာပေါက်လာမယ် စီနီယာချန်း*
အာ့!!!
အားရ၀မ်းသာနဲ့ ဆိုဖာပေါ်ကအထ ကိုယ်လေးလက်ဝန်နဲ့ ယိုင်သွားရင်း ဆိုဖာပေါ် ပြန်ကျသွားရသည်။
*ဘာဖြစ်တာလဲ ဂျောင်ဆူး *
တဖက်က ချန်းရဲ့စိုးရိမ်မှုမှာ သူပြာယာခတ်သွားရင်း ဗိုက်ထဲက လှုပ်စိလှုပ်စိဖြစ်လာတဲ့ ကလေးကို အသာလေးထိန်းထားလိုက်ရသည်။ ကလေးက လန့်သွားသည်ထင်သည်။ သူ့ဗိုက်ကို အတွင်းကနေထိုးသလိုဖြစ်ကာ အောင့်သက်စွာနာကျင်မှုကို
ကြိတ်မှိတ်သည်းခံထားရသည်။
YOU ARE READING
ဆု (Completed )
Fantasy"မင်းကိုချစ်ရတာ ထင်သလောက်လေးတောင်မင်းအတွက်မထိုက်တန်ခဲ့ဘူး"