ဆု (28) Final

1.7K 188 160
                                    


အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်အိုးကို စားပွဲပေါ်တင်ပြီးသွားတာနဲ့ မနက်စာထမင်းစားချိန်က ဆယ်နာရီခွဲကျော်နေပြီ။ ကိုယ်တိုင်ပြင်ရတဲ့ ထမင်းဝိုင်းက သူ့ကိုလိုတာထက် ဗိုက်ဆာစေလို့ ပန်းကန်လုံးထဲ ထမင်းကိုအမြန်ခူးခပ်ထည့်လိုက်သည်။ ပြီးတာနဲ့ ဖုန်းထဲကရောက်တတ်ရာရာဖွင့်ထားမိတဲ့ ဇာတ်ကားကိုပိတ်ကာ ဘာသတင်းများထူးနေသလဲဆိုတာကို ထမင်းစားရင်းတစ်ဖက်နဲ့ ကြည့်နေမိသည်။

အခုတလော ဖုန်းမကြည့်ပဲ ဘာမှလုပ်လို့အဆင်မပြေဘူး။ အာရုံတစ်ခုခုလွှဲထားမှ သူ့အတွေးတွေကို ထိန်းချုပ်ထားနိုင်သလို သူ့အတွက်အပြစ်ပြောထားတဲ့ ဝေဖန်မှုတွေကိုတောင် အပျင်းပြေဖတ်နေနိုင်ပြီ။

လက်တစ်ဖက်ကဇွန်းနဲ့ ထမင်းကိုကော်ယူရင်း ပါးစပ်ထဲအထည့် ဖုန်းစခရင်ပေါ်က သူ့လက်မလေး ဟာရပ်တန့်သွားရသည်။

" Our secret relationship world ? "

စိတ်ထဲတစ်ခုခုခံစားသွားရသလိုနဲ့ ပြုံးမိတယ်။
အရင်ကစိတ်နဲ့ဆို လက်လွှတ်လိုက်ရတဲ့ အခွင့်ရေးအတွက်မကျေမနပ်နဲ့ ပူလောင်နေမိမှာ အမှန်ပေမဲ့ အခုအချိန်မှာတော့ ပထမဆုံး သူတစ်ပါးအတွက် ကျေနပ်တဲ့စိတ်လေး ဖြစ်လာမိသည်။

*Congratulations ဘတ်ခ်ဟွန်း။ အောင်မြင်ပါစေ။ ဒီဇာတ်လမ်းတွဲမှာ မင်းရဲ့ကြိုးစားမှုတွေ အများကြီးထုတ်ပြနိုင်တော့မယ်။*

*OMG ! ဂျောင်ဆူး...မင်းက ငါ့ကိုစာတွေတောင်ပို့လို့ပါလား ? *

ချက်ချင်းပြန်စာရောက်လာတဲ့ ဘတ်ခ်ဟွန်းက တအံ့တသြဖြစ်နေမှာအမှန်။ ဟုတ်တော့လဲ ဟုတ်ပါပါရဲ့။ ဒီလောက်အချိန်တွေအများကြီးထဲ ဘတ်ခ်ဟွန်းဆီ သူ့ဘက်ကစာပို့ခြင်းဟာ ပထမဆုံးပါ။ ပြီးတော့ ဒါကလဲ ဘတ်ခ်ဟွန်းအတွက် ဂုဏ်ယူပါတယ်ဆိုသော အားပေးမှုနဲ့။

*ကြိုးစားထားနော်။ မင်းရဲ့ပထမဆုံး ဇာတ်လမ်းတွဲအတွက် စောင့်နေမယ်။ *

*ကျေးဇူးပါကွာ။ ငါ့သူငယ်ချင်းလေးကို မွမွ 😙 *

ပြောင်ချော်ချော်နဲ့ အာဘွားပေးနေတဲ့ emoji ပါထည့်လာတဲ့ ဘတ်ခ်ဟွန်းကြောင့် တစ်ယောက်ထဲ အသံထွက်သည်အထိ ရယ်နေမိသည်။

ဆု (Completed )Where stories live. Discover now