ဆု (19) ZawGyi & Unicode

742 122 40
                                    


ယမကာတစ်ခွက်နဲ့ ညစ်ထေးထေးဖြစ်နေတဲ့ ဆယ်ဟွန်းဟာ ကုလားထိုင်တစ်လုံးပေါ်မှာထိုင်ထားရင်း ဇိမ်ခံနေသလိုနဲ့ တကယ်တော့သူ့ပုံစံဟာ တော်တော်ကိုဂျုံးဂျုံးကျနေသလိုပင်။

အိမ်ကိုခေါ်ထားပြီး အခုထိဘာမှမပြောဘဲ သူအရက်ထိုင်သောက်တာကို ကြည့်ခိုင်းထားနေသည်မို့ ဂျွန်မြောင်လက်ကနာရီကို ထောင်ပြလိုက်တော့သည်။

"ဖြေးဖြေးပေါ့။ ငါပြောရမှာ တော်တော်စိတ်ထဲ တစ်မျိုးဖြစ်နေလို့။ "

အရက်ခွက်ကိုလှုပ်ခါရင်း ခပ်ပြုံးပြုံးပြောလာတဲ့ ဆယ်ဟွန်း။ သူကတော့ ဂျောင်ဆူးနဲ့ပတ်သတ်ပြီး
ဆယ်ဟွန်းအား နည်းနည်းလေးဖြစ်ဖြစ် အသိပေးထားရင်ကောင်းမလားလို့ တွေးနေမိတယ်။ မဟုတ်ရင် အကုန်လုံးတစ်ပြိုင်ထဲသိသွားကြတဲ့အခါ အခြေနေက ပြောမရအောင်ဆိုးသွားကြမလားပဲ။

" ပြောစမ်းပါ။ အချိန်ဆွဲနေလို့လဲ မင်းပြောမဲ့စကားက ပြောင်းလဲသွားမှာမဟုတ်ဘူး။ ကြည့်ရတာ အဲ့ဒီကိစ္စကမင်းကို တော်တော်အထိနာစေလို့လား။ "

"ဟား ဟား ဟား "

ဆယ်ဟွန်းရဲ့အခုလိုပုံစံကို တော်ရုံတန်ရုံမမြင်ခဲ့ဖူးလို့ မေးမိခြင်း။ ဒါကို ဆယ်ဟွန်းက ဟန်လုပ်ရယ်ရင်း သူ့ကိုအတည်ပေါက်နဲ့ ခေါင်းတငြိမ့်ငြိမ့်လုပ်ပြနေသေး။

" ဟုတ်ပါပြီ။ ငါမေးစရာရှိလို့ပါ။ ဂျောင်ဆူးကဘာကြောင့် ဇာတ်ကားကိုချက်ချင်းကြီး လက်ခံလာတာလဲဆိုတာကိုလေ။ "

"ဒါကိုငါကမေးရမှာမဟုတ်ဘူးလား ? မင်းနဲ့ဂျောင်ဆူးက သာမန်ပေါ့ပျက်ပျက်ဆက်ဆံရေးမဟုတ်ဘူးဆိုတာ ငါသိတယ်နော်။ အဲ့တော့ အဲ့ဒီအကြောင်းနဲ့ပတ်သတ်ပြီး မင်းကပိုသိသင့်တယ်။ "

ဂျွန်မြောင်ရဲ့အချက်ကျကျစကားမှာ သူအပြုံးတစ်ခုနဲ့ နာကျင်မှုအသေးစားလေးကို ဖုံးကွယ်ပြစ်လိုက်သည်။ မှန်တာပေါ့ သာမန်ပေါ့ပျက်တဲ့ ဆက်ဆံရေးမဟုတ်ဘူး။ အပေးအယူနဲ့ လုပ်ယူထားရတဲ့ဆက်ဆံရေးမျိုး။

"ဂျောင်ဆူး....သူငါ့ကိုတော်တော်လျှို့ဝှက်နေတယ်။  "

ဒီစကားမှာ ဆယ်ဟွန်းရဲ့အကြည့်တွေက နက်နဲသွားရင်း အရက်ခွက်ကိုတကျိုက်ထဲမော့သောက်
ပြစ်ကာ နောက်တစ်ခွက်ပြန်ထည့်သည်။ ဂျွန်မြောင် သူတို့ကြားဖြစ်နေတဲ့ကိစ္စတွေကို ပိုစိတ်ဝင်စားလာရင်း ဂျောင်ဆူးသူ့အားနောက်ယောင်ခံခိုင်းထားတဲ့ဟာကပါ စပ်လျဉ်းနေမယ်ဆိုတာကို ရိပ်မိလာတော့သည်။ ဂျွန်မြောင်ရဲ့ခန္ဓာကိုယ်က မတ်မတ်ထိုင်နေရင်းက အနည်းငယ်ခါးကုန်းလိုက်ရင်း ဆယ်ဟွန်းကိုကြည့်လိုက်သည်။

ဆု (Completed )Where stories live. Discover now