ဆု (20) ZawGyi & Unicode

740 121 24
                                    


အကိုချန်းဆီကနေ ထွက်လာလာချင်းပဲ သားဆီ သူစာတစ်စောင်ပို့လိုက်သည်။ ချက်ချင်း စာပြန်လာတဲ့သားကတော့ သိပ်ပျော်သွားပုံပဲ။

*Thanks Daddy * ဆိုတဲ့ စာတစ်ကြောင်းနဲ့တင်
သားရဲ့မျက်နှာက အပြုံးတွေကို သူမြင်ယောင်နေမိတယ်။ ချန်ယောလ် သူ့ဖုန်းလေးကို အင်္ကျီအိပ်ကပ်ထဲပြန်ထည့်ရင်း ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းကာ မသန့်ရှင်းတဲ့လမ်းတွေဘက် ဦးတည်ခဲ့လိုက်သည်။

**************************************

ကြည့်လိုက်တာနဲ့တင် ပင်ပန်းနေမှန်းသိသာနေတဲ့ ဂျောင်ဆူးရဲ့အသွင်အပြင်။ ခုတင်ပေါ်နှုန်းပျော့ပျော့အနေအထားနဲ့အိပ်နေပုံက အကြောင်းစုံသိထားတဲ့ ချန်းအတွက်တော့ စိတ်မကောင်းဖြစ်နေရသည်။

ဒီနှစ်ယောက်ကြား သူဝင်မပါရင် ဘယ်လိုအခြေနေတွေထိ ဖြစ်လာမလဲဆိုတာမသိပေမဲ့ ဇွတ်ကြီးဝင်ပါလိုက်ကျဖို့ကလဲမလွယ်ပြန်။ ဂျောင်ဆူးကလဲ အခုချိန်မှာ သာမာန်လူမဟုတ်တော့သလို ချန်ယောလ်ကလဲ ဂျောင်ဆူးနဲ့ပတ်သတ်ရင် လုံးဝပြန်မစချင်တော့တဲ့ အနေအထားမှာရှိနေခဲ့ပြီလေ။
ဒါပေမဲ့လဲ သူကတော့တွေးမိတယ်။ လူကြီးတွေ
ကြားကပြဿနာနဲ့ ဆေးရုံပေါ်က ကလေးကအလကားသက်သက် ထိခိုက်နေပြီမဟုတ်ဘူးလား ?

ဘာပဲဖြစ်ဖြစ်ဆိုတဲ့သဘောနဲ့ ဒီကိစ္စတွေထဲ နည်းနည်းဝင်ပါလိုက်ရင်ရော ? နှစ်ဦးနှစ်ဖက်လုံး ပင်ပန်းနေကြတာသိရက်နဲ့ ဒီအတိုင်းဆက်သွားနေကြရင် မကြာခင်ဂျောင်ဆူးလဲ ဗုန်းဗုန်းလှဲတော့မည်ထင်သည်။

တစ်ဖက်ကတော့ တထစ်လောက်လျော့လိုက်ရင် လက်ရှိအခြေနေထက်တော့ ပိုအဆင်ပြေသွားအုံးမယ်လို့ သူကတော့တွေးနေမိပြန်တယ်။

"စီနီယာ...."

မတိုးမကျယ်ထွက်လာတဲ့အသံလေးကြောင့် ဘယ်လိုလုပ်ပေးရင် အဆင်ပြေသွားမလဲလို့ ငေးငိုင်တွေးနေရာက ခုတင်ပေါ်က ဂျောင်ဆူးကို သူလှည့်ကြည့်မိလိုက်သည်။

"နှိုးလာပြီလား ? မင်း ခဏလောက် သတိမေ့သွားရုံပါ။ "

" ကျနော် ဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ။ မဟုတ်မှ... Darling ခေါ်လာတာလား ။ "

ဆု (Completed )Where stories live. Discover now