ဆု (1) ZawGyi & Unicode

5.3K 205 16
                                    


မြစ်​ကူးတံတား အ​ဝေး​ပြေး ကားလမ်းမကြီး​ပေါ်က လူတစ်​​ယောက်​ဟာ လူသွားစင်္ကြန်​​ပေါ် ဒူး​ထောက်​ထိုင်​ကာ ဘာလုပ်​​နေသည်​မသိ။ သူကား​မောင်းရင်းနှင့်​ အ​ဝေးက​နေထိုလူအား ကြည့်​လာခဲ့သည်​။ နီးကပ်​လာ​လေ ထိုသူရဲ့အပြုမူက ထင်​ရှားလာ​လေ။ တသိမ့်​သိမ့်​တုန်​​နေတဲ့ ထိုလူသည်​ ငို​နေသည်​လား။ သူကားကို အရှိန်​​လျော့ရင်း မလှမ်းမကမ်းက​နေ ကြည့်​​နေမိသည်​။ စပ်​စုတတ်​သည့်​ သူမဟုတ်​​သော်​ငြား အကူညီ​ပေးရလို​ပေးရညား
ကြည့်​​နေခြင်း။

အိုး..ဒီ​ကောင်​ ​အော်​ဟစ်​ပြီး​တောင်​ ငို​နေတာလား?

နားထဲတိုးဝင်​လာ​သော ထိုသူရဲ့ အားမလိုအားမရ ငို​ကြွေးသံ။ သူတစ်​ပါးရဲ့ ပူ​ဆွေးမှုကို မ​လှောင်​ရယ်​သင့်​​ပေမဲ့ သူခပ်​​ရေး​ရေး​လေးပြုံးမိလိုက်​သည်​။
က​လေးတစ်​​ယောက်​လို ဖြစ်​​နေတဲ့ သူ့ပုံကအမှန်​​တော့လဲ သူများအမြင်​မှာ အနဲငယ်​​တော့တစ်​မျိုးဖြစ်​​နေအုံးမည်​။ ​​လမ်းမကြီးကို ​ကျော​ပေးဒူး​ထောက်​ထိုင်​ထားတဲ့ ထိုသူဟာ အချိန်​အ​တော်​ကြာ​အောင်​ ငို၍မဆုံး။ တစ်​ချက်​တစ်​ချက်​ ​ကတ္တရာ​လမ်းကို ထိုးနှက်​ကာ ​​အော်​ဟစ်​သည်​။ ကုန်​တင်​ကားကြီး​တွေသာ သွား​နေကြ​သော ထိုတံတား​ပေါ် သူလွတ်​လပ်​စွာ ​ပေါက်​ကွဲ​နေသည်​။ အ​ခြေ​​နေဆိုးလာ​တော့မည့်​ ထိုလူ့ပုံ​ကြောင့်​ သူကားထဲမှထွက်​လာရင်း ဒူး​ထောက်​ထိုင်​ထား​သော သူ့ပခုံးကို ပုတ်​လိုက်​သည်​။

အထက်​တန်း​ကျောင်းသားများလား?နဖူး​ပေါ်ဝဲကျ​နေ​သော ဆံပင်​​တွေက ​တိုက်​ခတ်​​နေ​သော ​လေ​ကြောင့်​ တလွှင့်​လွှင့်​။ ရဲ​တောက်​​နေ​သော မျက်​ဝန်းဝိုင်းဝိုင်းက ကျ​နော့အား စူးစိုက်​ကြည့်​​နေသည်​။ တုန်​ရီ​နေ​သော နှုတ်​ခမ်းက ကျ​နော်​မြင်​ဖူးသမျှ နှုတ်​ခမ်း​တွေနဲ့ကွဲပြားစွာ ပန်းသီးပုံ​လေး။ သူကျ​နော့အား လှည့်​ကြည့်​ကာ မျက်​ရည်​​တွေ တ​ပေါက်​​ပေါက်​။

"Sorr ...sorry..."

ပခုံး​ပေါ် သွားထိမိ​သော လက်​ကို ပုတ်​ထုတ်​လာလို့ အားနာစွာ ​နောက်​ဆုတ်​မိလိုက်​သည်​။ ထို့​​နောက်​ မတ်​တပ်​ရပ်​လာ​သောသူက ကျ​နော့အား​မော့
ကြည့်​ရသည့်​ အ​နေထား။ စိတ်​ပျက်​​သောအကြည့်
တွေနဲ့ လှည့်​ထွက်​​တော့မည့်​ သူ့လက်​ကို ကျ​နော်​​ယောင်​​ယောင်​မှားမှား ဆွဲမိလိုက်​သည်​။

ဆု (Completed )Where stories live. Discover now