ဆု (15) ZawGyi & Unicode

806 142 70
                                    


VIP အခန်းထဲမှာမို့ ဂျောင်ဆူးအတွက် ဒီအခြေနေတွေကြား အသက်ရှူချောင်စရာအခွင့်အရေးလေးရှိသလိုဖြစ်နေခဲ့လို့တော်သေးသည်။ ဘယ်လိုမှတောင် မမျှော်လင့်ထားတာက သူ့ရှေ့တည့်တည့်မှာ သူ့ကိုမယုံနိုင်သလိုကြည့်နေတဲ့ ဂျွန်မြောင် ။ ဘေးချင်းကပ်ရက်ထိုင်ထားတဲ့ ဆယ်ဟွန်းကတော့ ဘာမှရိပ်မိပုံမပေါ်တာ သေချာနေတယ်။ ဂျောင်ဆူးကတော့ ဒူးပေါ်တင်ထားတဲ့လက်တွေမှာ ချွေးစေးတွေထလာကာ မူမမှန်တော့တဲ့ မျက်နှာထားမျိုးပြောင်းလာလေပြီ။

" တွေ့ရသာဝမ်းသာပါတယ် ဒိုဂျောင်ဆူး "

မသိချင်ဟန်ဆောင်လာတဲ့ ဂျွန်မြောင်ကို ကျေးဇူးတင်ရမလိုဖြစ်သွားရင်း အမြန်ဆုံးအပြုံးတစ်ခုနဲ့ ခေါင်းငြိမ့်ပြလိုက်ရသည်။

" ဒီနေ့တော့ ငါတို့ညစာစားရုံပဲပေါ့။ နောက်နေ့မှပဲ အလုပ်ကိစ္စဆွေးနွေးကြမယ်။ ငါ့သူငယ်ချင်း
ကြီးလဲ ဒီကိုပြန်ရောက်ရောက်ခြင်း အလုပ်ကိစ္စတွေတန်းပြီးလုပ်မယ်ဆို ပင်ပန်းနေမှာပဲ။ "

ဆယ်ဟွန်းကတော့ သူ့သူငယ်ချင်းဆိုသူ ဂျွန်မြောင်ကို ဝိုင်တစ်ခွက်ထည့်ပေးရင်း ဆိုလာသည်။ တစ်နည်းအားဖြင့် ကျနော့ရဲ့မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းဟောင်း။

"ဒါပေါ့။ ရောက်ရောက်ခြင်းတော့ အလုပ်ကိစ္စတွေတန်းမလုပ်ပါဘူး။ ငါသိချင်တာလေးတွေသိရအောင် အရင်လုပ်ရအုံးမယ်။ ကိုရီးယားပြန်မရောက်တာကြာပြီဆိုတော့ ငါမရှိတဲ့အတောအတွင်း ဘာတွေကဒီလောက်ထိတောင် ပြောင်းလဲသွားရတာလဲဆိုတာတွေလေ။ "

ဂျွန်မြောင်ရဲ့စကားက ကျနော့ကိုသွယ်ဝိုက်ကာ အချက်ပေးနေသလို။ ဖြစ်နိုင်ရင် ဒီညစာဝိုင်းကနေ ချက်ချင်းထပြန်သွားချင်နေပြီး အချိန်တွေနောက်ဆုတ်လို့ရရင်  ဒီစားပွဲကိုတောင်မလာဖို့ ပြန်
ပြီးဆုံးဖြတ်ချင်သည်။ ပထမတွ့တွေ့ချင်းမှာတော့ ဂျွန်မြောင်ဟာ ကျနော့ကိုတကယ်ကို မယုံ
ကြည်နိုင်စွာကြည့်နေခဲ့ပေမဲ့ အခုတော့အကြည့်တွေက တစစနဲ့ပြောင်းလာသည်။ အထင်သေးသလိုအကြည့်တွေဆီသို့။ ကျနော်လစိတ်တွေမွန်းကြပ်စွာနဲ့ ဝိုင်ခွက်ကိုကိုင်မြောက်ကာ အကုန်လုံးမော့ချလိုက်သည်။

ဆု (Completed )Where stories live. Discover now