' သူမှအစပြု၍ အရာအားလုံးလွဲမှားခဲ့သည် '...................\\\\\\//////...................
' ကိုယ်တို့လက်ထပ်ကြရအောင် ဘတ်ခ်ဟျွန်း '
သူ့လက်ဖျားသွယ်သွယ်အားပင့်ယူ၍ အမြတ်တနိူး
နမ်းရှိုက်မိသည် ။' ကိုယ် မင်းနဲ့အတူ တစ်ဘဝလုံးအတွက် ရှိသွားချင်တယ် ၊ '
ငွေရောင်လဲ့လဲ့လက်စွပ်ကို သူ့လက်သန်းကြွယ်မှာနေရာပေးလိုက်သည်။ ပိုင်ရှင်အမှန်၊ နေရာအမှန်မို့ လွန်စွာတင့်နေပါ၏။
' ကိုယ့်ကိုခွင့်ပြုပေးမယ်မလား ဟျွန်းငယ် '
သူ့လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်၍ အဖြေကိုစောင့်ဆိုင်းမိနေသည်။ သူသည် ပြုံးနေသောမျက်နှာထားမှလွဲ၍ ဘာစကားမှဆိုမလာ။
' ဘတ်ခ်ဟျွန်း '
သူ့နာမည်ကိုတီးတိုးခေါ်လိုက်ချိန် သူသည်မျက်ရည်ပြည့်နေသောမျက်လုံးတို့ဖြင့် ဦးမော့ကြည့်လာ၏ ။
' ကျွန်တော်နဲ့ တစ်ကယ်ပဲ တစ်ဘဝလုံးစာအတူရှိချင်တာလား အစ်ကို '
ဘယ်သောအခါမှ အမည်နာမအား ခေါ်ဆိုခြင်းမရှိ၊ ' အစ်ကို'ဟူသောဝေါဟာရကိုသာ အမြတ်တနိူး သူရေရွတ်လေ့ရှိသည် ။
အတည်ပြုလိုသောအကြည့်တို့ဖြင့် ထိုသူသည် မေးခွန်းထုတ်၏။ သူ၏ခါးသိမ်သိမ်မှသည် ရင်ဘတ်အနားရောက်အောင်ဆွဲဖက်လိုက်သည်။
' အင်း တစ်ဘဝလုံးစာအတွက်ပါ '
သူသည် ရင်ခွင်ထဲမှပြုံး၍ကြည့်နေခဲ့သည်။ ခေါင်းတို့ကိုအတွင်တွင်ငြိမ့်ရင်းလည်း အဖြေကို ထပ်ထပ်ခါခါဖြေနေခဲ့သည်လေ ။
....................
ဆီမီးခွက်တို့နှင့်သာအလှဆင်ထားသော အခန်း၊ အလင်းမှိန်မှိန်ထဲရှိနေတဲ့ ကောင်လေးနှစ်ဦး၏ သီးသန့်မင်္ဂလာပွဲ ၊ ဧည့်လာပရိသတ်က ကြယ်စင်အစုတစ်ချို့တစ်ဝက် ၊ ကောင်းချီးပေးမယ့်သူက တိမ်တွေကြားမှာ တစ်ဝတစ်ပြက်ထိုးထွက်သာနေတဲ့လမင်း ၊
' ကျွန်တော် ပတ်ခ်ချန်းယော်လ်သည် အကြင်သူဗြောင်ဘတ်ခ်ဟျွန်းအား ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ၊ နာဖျားသည်ဖြစ်စေ ၊ ကျန်းမာသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ ၊ အိုမင်းသည်ဖြစ်စေ '
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်