same mistake-23

2.4K 324 27
                                    

ဒီ​နေ့ ​ရေဒီယိုက​နေ အချိန်အခါမဟုတ်မိုးရွာလိမ့်မယ်ဆိုတဲ့ခန့်မှန်းချက်ကို ဘတ်ခ်ဟျွန်းနား​ထောင်လိုက်ရတယ် ။ ကိုယ်တိုင်လည်းခံစားမိတယ် ၊ ပတ်ဝန်းကျင်တစ်ခုလုံး မိုးနံ့​​​တွေသင်း​နေတယ် ၊ ​လေ​ပြေ​​တွေက ​ဆောင်း​လေ​အေးနဲ့မတူတဲ့​အေးသက်နည်းတစ်မျိုးနဲ့ တိုက်​နေတယ် ၊ ပြီး​တော့ သစ်ပင်​တွေကသစ်ရွက်​တွေယိမ်း​နေတဲ့​လေသံက ပုံမှန်​နေ့​တွေနဲ့မတူပဲ ခပ်​လေး​လေးကွဲတယ်၊

' အပြင်ထွက်လို့မဖြစ်ဘူးပဲ '

ဘတ်ခ်ဟျွန်း ​ရေဒီယိုခလုတ်ကိုပိတ်လိုက်တယ်။ ဆန်းသစ်လာတဲ့နည်းစနစ်​တွေအရ ဟန်းဖုန်းက​နေ ​ရေဒီယိုနား​ထောင်လို့ရ​ပေမယ့် ဘတ်ခ်ဟျွန်းက​တော့ ​ကတ်ဆတ်ရေဒီယိုလိုမျိုးကိုမှ သ​​ဘောကျမိတယ် ။ ပြီး​တော့ ရှားသွားပြီဆို​ပေမယ့် ကြိုးတိတ်​ခွေလိုမျိုး သီချင်း​ခွေ​တွေကို ဒီ​နေ့​ခေတ်စီဒီချပ်​တွေထက်ပိုပြီး သ​ဘော​ခွေ့တယ် ။

လက်​​​တွေ့ကို​ပြောရမယ်ဆိုရင် ဘတ်ခ်ဟျွန်းက အစွဲအလမ်းကြီးတယ်ပဲ​​ပြောရမယ် ၊ ရှိရင်းစွဲ ၊ သုံး​နေကျ အ​ဟောင်းတစ်ခုက​နေ အသစ်တစ်ခုကို ​ပြောင်းလဲဖို့ဆိုတာ ခဲယဥ်းတယ် ၊ အ​သစ်ဆိုတာ ပို​ကောင်းမွန်နိူင်​ပေမယ့် အသားကျ​နေပြီးသားအ​ဟောင်းကို​​တော့ အစားမထိုးနိူင်ဘူးလို့ထင်​နေတုန်းပဲ ၊ ရှင်းပြရခက်တဲ့ စွဲလမ်းမှုတစ်ခုလို့ပဲ လွယ်လွယ်မှတ်ချက်ချလဲဖြစ်တယ် ၊ လူတိုင်းက အသစ်တစ်ခုကိုပိုနှစ်သက်ကြမှာမှန်​ပေမယ့် ဘတ်ခ်ဟျွန်းအတွက် အ​ဟောင်းတစ်ခုကိုပဲ တဝဲဝဲလည်ဖြစ်ရတာကြိုက်ပြီး ပိုအဆင်​ပြေတယ် ၊ ဒီအကျင့်က နှလုံးသား​အထိ ​ဖျောက်ဖျက်လို့မရခဲ့ဘူး . သို့​သော် ဘတ်ခ်ဟျွန်း ကြိုးစား​နေပါ​၏ ။

' မိုးဖွဲ​တွေ '

ပြတင်း​ပေါက်ကိုဟထားဆဲမို့ ​လေမှတစ်ဆင့်သယ်လာ​ပေးတဲ့ မိုးစက်ဖွား​​​​​​တွေ ဘတ်ခ်ဟျွန်းမျက်နှာကို တစ်​ပေါက်တစ်စလာစင်တယ် ၊ ​​​နောက်တစ်ဖြည်းဖြည်းနဲ့ ​လေသံ​တွေပြင်းလာသလိုပဲ အမှုန်အမွှား​​​တွေက​​​နေ မိုး​​ရေစက်​​​​တွေဖြစ်လာတယ် ။ ခပ်​အေး​အေးအထိအ​တွေ့ကိုသ​ဘောကျတာမို့ ဘတ်ခ်ဟျွန်း ပြုံးမိတယ် ၊

same mistake <* C >Where stories live. Discover now