တနင်္ဂနွေနေ့တွေမှာ ချစ်ရသူကိုရင်ခွင်ထဲထည့်ဖက်၍ ဇိမ်ရှိရှိအိပ်မောကျနေဖို့ မဖြစ်နိူင်တော့ဘူး ။ ရှားရှားပါးပါးအားလပ်ရက်လို့ပြောကြရင်တောင် ချန်းယော်လ်အတွက် ရက်တွေထဲက ရက်စွဲနေ့တစ်ခုထက် ပိုမလာတော့ဘူး ။ တစ်ခါတစ်လေ ကော်ဖီချိုချိုသောက်ချင်လို့ဖျော်လာပြီးမှ လုံးဝမသောက်ချင်တော့တာမျိုး၊ နောက်နေ့မနက်မှာ သေချာပေါက်ဝတ်ဖို့ ဆုံးဖြတ်ထားတဲ့ မီးပူကြော့ကြော့ဝတ်စုံကိုပစ်ပြီး တွန့်ကြေနေတဲ့ဝတ်စုံကိုရွေးချယ်တယ်။ နှုတ်ခမ်းမွှေးရေးရေးပေါက်နေတာ စိတ်ကုန်တတ်ပေမယ့် တစ်ခါတစ်ခါကျ ပသိုင်းမွှေးလောက်အထိကို နှုတ်ခမ်းမွှေးရှည်ရှည်ထားပစ်ချင်လာတယ် ။ နားထောင်လက်စ သီချင်းကို ပြီးခါနီးလေးစက္ကန့်စာလောက်မှ ကျော်ပစ်မိတယ် ။ တီဗွီကိုအကျယ်ကြီးဖွင့်ထားရတာကြိုက်သလို တစ်ရက်တစ်လေကျ ဘာသံမှမကြားချင်ပြန်ဘူး ။ ဟာသတွေမြင်ရင်၊ကြားရင် ငေးကြည့်နေပြီး တစ်နာရီလောက်ကြာမှ တဟားဟားထရယ်ချင်လာတယ် ။ဘာမှမလုပ်ပဲ အခန်းအမှောင်ချပြီး တစ်နေကုန်တစ်နေခမ်းအိပ်ရတာကြိုက်တယ်။ ဒါပေမယ့် နေသာသာနေ့တွေဆိုလည်း ကြိုက်နေမိပြန်တာပါပဲ ။ တခြားထွေထွေထူးထူးဆိုရင် တော်ရုံနဲ့မျက်ရည်ကျမလွယ်တော့ဘူး ။ သူ့ကိုလွမ်းတိုင်း ပြုံးနေရတာ ကြိုက်လာတယ် ။
နေ့ရက်တိုင်းက အသက်သာရှုနေရပေမယ့် တစ်ခါတစ်လေ ရင်ဘတ်ကိုပြန်စမ်းကြည့်မိသေးတယ်။ ရင်မှခုန်တတ်သေးရဲ့လားဆိုပြီး ။ သံပါတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်နဲ့ မခြားမနားစွာ ချန်းယော်လ် နေ့စဥ်ဘဝကိုဖြတ်သန်းနေခဲ့တယ်။
' ဒီနေ့ အိမ်ရှင်းဦးမှပါ ၊ အကြာကြီးပစ်ထားမိတာ ရှုပ်ပွနေပြီပဲ '
အငယ်နဲ့အတူ အမှတ်တရတွေအပြည့်ရှိနေတဲ့ ဒီအိမ်ကိုတော့ ချန်းယော်လ် သိပ်တန်ဖိုးထားသည်။ ဒီအိမ်ထဲမှာ အတူရယ်မောခဲ့ကြတယ်၊ အတူပျော်ရွှင်ခဲ့ကြတယ်၊ အတူငိုကြွေးခဲ့ကြတယ်။ အတူမျှော်လင့်ချက်တွေဆောက်တည်ခဲ့ကြတယ်။ အတူမေ့ဖျောက်ဖို့ကြိုးစားခဲ့ကြတယ်။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်