ချန်းယော်လ် ကောင်လေးကိုမစောင့်ပဲ အိမ်ကိုပြန်လာမိ၏ ။ သူတို့နှစ်ယောက်လုံး သီးသန့်နေချိန်လိုနေမယ်လို့ ချန်းယော်လ်တွေးမိတယ်။
ညလေအေးအေးက ချန်းယော်လ်မျက်နှာပြင်ကို ဖြတ်တိုက်သွားတယ်။ လက်မောင်းကိုတွဲခိုထားတဲ့ လက်တစ်စုံမရှိတဲ့အခါ လေပြေအေးအနားကနေ ဝေ့ဝဲသွားပေမယ့် ကိုယ်သင်းရနံ့ညှင်းညှင်းလည်း အတိအလင်းပါမလာခဲ့ဘူး ။
လမ်းမတွေမှာတော့ ဘယ်လောက်ညနက်ပါစေ ၊ ကားတွေအပြည့်နဲ့ တဝီဝီသွားနေတုန်း၊ ကားလမ်းတွေလည်းပိတ်နေတုန်း ၊ ဆူဆူညံညံအသံတွေကိုမကြားနိူင်တော့တဲ့အထိ သူ့ရယ်မောသံတွေဖုံးလွှမ်းခဲ့ဖူးတယ်။
ချန်းယော်လ်ခြေလှမ်းတွေ ရှေ့ကိုဆက်မသွားပါပဲ ရပ်နေမိတယ်။ အသိစိတ်က ဟာလာဟင်းလင်းနဲ့ အတွေးမရှိနေတာ။ မီးစိမ်းတဲ့အခါ လူတွေ ရုတ်ရုတ်,ရုတ်ရုတ်နဲ့ ချန်းယော်လ်ဘေးကနေ လမ်းကိုဖြတ်ကူးသွားကြတယ်။ မီးနီရင်တော့ လူစိမ်းတွေကခဏရပ်နေကြပြန်တယ်။ မိနစ်ပိုင်း၊စက္ကန့်ပိုင်းအတွင်းမှာ ချန်းယော်လ်ဘေးကလူတွေ တစ်ယောက်ပြီးတစ်ယောက်၊ တစ်စုပြီးတစ်စုပြောင်းသွားတယ် ၊ ကိုယ့်လမ်းကိုယ် အပြေးအလွှားသွားကြတယ်။
ချန်းယောလ် ဘေးကိုကြည့်မိတယ်။ နေရာလွတ်ရယ်၊ ဆုပ်ကိုင်မှုလှစ်ဟာနေတဲ့ လက်တွေရယ်က ကိုယ့်ကိုပြန်ပြီး လှောင်ရယ်ပြုနေသလို အတွေးကိုပေးတယ် ။
ချန်းယော်လ် ခြေလှမ်းတွေကျောက်ချထားမိနေဆဲ ။ဘယ်သွားရမှန်းမသိပဲ ဦးတည်ရာပျောက်နေဆဲပါ ။' အငယ် တစ်ယောက်တည်းကြောက်နေရင် ဘယ်လိုလုပ်မလဲ '
အတွေးတို့နဲ့အတူ မျက်ရည်စက်ကပေါက်ခနဲ
' ဘာလို့ ထားခဲ့ရတာလဲ၊ ထားခဲ့မိပြန်ပြီ ၊ သူသိပ်ကြောက်နေရင် ဘယ်လိုလုပ်မလဲ '
အတွေးနယ်ထဲကမ္ဘာပျက်လုမတတ် ချောက်ချားနေပေမယ့် ချန်းယော်လ်သည် နေရာမှာမလှုပ်မယှက်ရှိနေဆဲပါ ။ ခဏတာခံစားချက်ကြောင့် သူသာ ပြန်လှည့်သွားမိရင် သူတို့နှစ်ယောက်ရဲ့အခြေအနေက ပုံမှန်အတိုင်းဖြစ်လာဦးမှာမို့လား ။ တစ်ချို့အခြေအနေတွေမှာ နှလုံးသားထက်ပိုပြီး အရေးပေးသင့်တာ ဦးနှောက်ပဲမဟုတ်ဘူးလား။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်