' အငယ် '
ကျင့်သားရနေသောနှုတ်ခမ်းတို့သည် ထိုအမည်နာမအား ယောင်ယမ်းစွာခေါ်မိပြန်၏ ။ ခြောက်နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ဒီအသုံးအနှုန်းကို အငယ် သဘောကျသေးရဲ့လား ။
' အစ်ကို နေကောင်းတယ်နော် '
ချန်းယော်လ်ကိုကြည့်၍ ပြုံးနေဆဲထိုကောင်လေးသည်လည်း စကားတို့ဘယ်ကစရမယ်မှန်း သိပုံမပေါ် ။
' ကိုယ်ကတော့ အမြဲကျန်းမာနေတာပါပဲ '
' ကျန်းမာနေရင် ရပါပြီ '
ကောင်လေး ထိုစကားအားတိုးတိုးလေး ရေရွတ်ပါ၏ ။ နှုတ်ခမ်းစွန်းလေးတွေကွေးနေအောင်တော့ ကောင်လေးအပြုံးလှလှဆင်မြန်းထားဆဲပါ ။ ချန်းယော်လ် နှစ်ပေါင်းများစွာကွာဝေးနေသည့် ချစ်ရသူမျက်နှာကိုသာ ငေးမောနေမိတော့သည်။ ကောင်လေးသည်လည်း ချန်းယော်လ်ကိုအကြည့်မလွှဲသွားပါ ။ သို့ပေမယ့် ခြောက်နှစ်ဆိုသောအတိုင်းအတာပြီးဆုံးသွားချိန်တွင် ချန်းယော်လ်သည် သည်ထက်ပို၍ ကောင်လေး၏ကမ္ဘာငယ်ဖြစ်မလာတော့ပြီထင်။ ချန်းယော်လ်အားကြည့်နေခဲ့သော ကောင်လေး၏မျက်ဝန်းအစုံတို့သည် ကြယ်တာရာတွေလို တလဲ့လဲ့တောက်မနေတော့ပါ ။
' အငယ် အချိန်ရလား '
ချန်းယော်လ် ကောင်လေးအားစိုက်ကြည့်၍ အရဲစွန့်မေးလိုက်၏ ။
' ကိုယ်တို့ စကားခဏပြောလို့ရမလား '
တွေဝေသွားပုံရသောကောင်လေး၏မျက်နှာရိပ်ကြောင့် ချန်းယော်လ် အနည်းငယ်စိုးထိတ်သွားသေး၏ ။ မဟုတ်မှ ငြင်းဖို့ကြံနေသလား ။
'အင်း ၊ ရပါတယ် '
နှုတ်ခမ်းပါးပါးကွေးညွှတ်အောင်ပြုံး၍ သူကအဖြေပေးလာ၏ ။
' ကျေးဇူးတင်ပါတယ် အငယ် '
ပျော်ရွှင်စွာပင် ချန်းယော်လ် သူ့လက်ကိုဖမ်းဆုပ်ကိုင်မိ၏။ သို့သော် ကောင်လေးသည် ကြောက်လန့်စိုးထိတ်စွာနှင့် အနောက်သို့ခြေဆုတ်သွား၏ ။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်