same mistake-28

185 5 0
                                    

တံခါးရွက်နှစ်ခုဆွဲတွန်းဖွင့်သံ ၊ ခန်းမအစွန်းအဆုံအထိ ပျံ့လာတဲ့ စန္ဒရားလက်သံ ၊ ပြီး​တော့ လူနည်းစုဆို​ပေမယ့် စိတ်ရင်း​တွေနှစ်ထားတဲ့ လက်ခုပ်သံဖျဖျ ၊ ​ထိုအရာတို့နှင့်အတူ တစ်ပါတည်းတိုးပါလာသည်က အစ်ကို၏နားဝင်ချိုစရာစကားသံ ။

' လာ အငယ် ၊ အစ်ကို့လက်ကိုတွဲ '

အစ်ကိုကဘတ်ခ်ဟျွန်းလက်ကိုကိုင်ပြီး သူ့လက်​မောင်းကိုတွဲ​စေတယ် ။ ဘတ်ခ်ဟျွန်းပြုံး​နေမိတယ် ၊ ထပ်တူညီညီ အစ်ကိုလည်း ဘတ်ခ်ဟျွန်းကို​စောင်းငဲ့ကြည့်လို့ ပြုံး​နေဦးမှာပါ ။

' အစ်ကို ရင်ခုန်လိုက်တာ အငယ် '

​ခြေတစ်လှမ်းချတိုင်းမှာ ဘတ်ခ်ဟျွန်းကြား​နေရတယ် ၊ အစ်ကို့ရဲ့မူမမှန်တဲ့အသက်ရှုသံ​တွေ ၊ ​​လေတစ်ဖျတ်​​ဝေ့လာတိုင်းမှာ ဘတ်ခ်ဟျွန်းရ​နေတယ် ။ နှင်းဆီရနံ့​ရော​နှောတဲ့ အစ်ကို့ကိုယ်သင်းနံ့​ပျံ့ပျံ့ ။

' အင်း ကျွန်​​တော်​ရောပဲ '

ဒီ​​နေ့ အပြင်ဘက်မှာ တစ်ကယ်ပဲ ​နေသာ​နေတယ်ထင်ပါတယ် ၊ ဘတ်ခ်ဟျွန်းမျက်နှာ​ပေါ်ဟပ်လာတဲ့ ​နေကျ​ရောင်​ပြောက်က သိပ်ကို​နွေး​ထွေးလွန်း​နေပါ၏ ။ ခေါင်း​လောင်းသံ​တွေညံစီသွားတဲ့အချိန် အနားက ငှက်တစ်အုပ် အ​တောင်ဖြန့်ကျက်ပျံသန်းသွားသံ​တွေက သည်​လောက်အထိ နားပ​ဒေသာဖြစ်မယ်မှန်း ဘတ်ခ်ဟျွန်းမ​တွေးမိခဲ့ဘူး ။

' အငယ် '

ဆံပင်​ကျော့​ကျော့ဖြီးထား​လောက်မယ့် အစ်ကို့ရုပ်​ချော​ချောကို သည်လို​နေ့မျိုးမှာ ဘတ်ခ်ဟျွန်း တ​မေ့တ​မော​ငေးကြည့်ခွင့်မရှိတာ​တော့ နာတာပဲ ။

' ချစ်တယ် '

တခြား​သော အပိုစကားတို့ အစ်ကို့ထံပါးမှ ဖွင့်ဟမလာခဲ့ပါ ။ အလွယ်ကူဆုံး​သော ၊ အရိုးရှင်းဆုံး​သော ၊ ​ကြားဖူး​နေကျဖြစ်ရင်​တောင် ခဏခဏကြားရသည့်တိုင် မရိုးသွားပါ​သော၊ ရင်ထဲအထိဆုံး​သော ထိုစကားတစ်ခွန်းကိုသာ အစ်ကို အတည်ကြည်ဆုံး ၊ အ​လေးအနက်ထား၍ ​ပြော​နေခဲ့ပါသည်။

' ချစ်တယ် '

အစ်ကိုက ဘတ်ခ်ဟျွန်းမျက်နှာကို​ငေးလို့ ဖွင့်ဟဝန်ခံ​နေခဲ့မယ်ဆိုရင် ဘတ်ခ်ဟျွန်းက အစ်ကို့နှလုံးသားကို မြင်မက်ပြီး ထိုကဲ့သို့ အရိုးရှင်းဆုံးစကားဖြင့်သာ
ပြန်လို့တုန့်ပြန်ပါမယ် ။

same mistake <* C >Where stories live. Discover now