same mistake-24

2.7K 363 33
                                    

ချန်း​ယော်လ် ခြံ​ရှေ့မှာ ​ခေါက်တုန့်​ခေါက်ပြန်​လျှောက်မိ​နေတယ် ။ သူ ဒီကိုဘာအတွက်​ရောက်လာသလဲဆိုတာ အ​​ဖြေရှာရမယ်ထင်တယ် ၊ ​ခေါင်းကပတ်တီး​​တွေပြပြီး အသနားခံမျက်ရည်ချူဖို့လား ။ မဟုတ်ရင် အငယ်နဲ့ဆိုင်ပိုင်ရှင်​ကောင်​လေး ဘယ်လိုပတ်သတ်​နေလဲဆိုပြီး အငယ့်ကို​မေးဖို့အတွက်လား။

ခြံတံခါး​လေးအသာဖွင့်လို့ အငယ်ထွက်လာတယ် ၊ အ​​သေချာဆုံးက အငယ့်မျက်နှာ​မော်ဖူးဖို့အတွက် အရူးတစ်​ယောက်လိုအ​ပြေးတစ်ပိုင်း​ရောက်လာခဲ့တာ၊ သို့​ပေမယ့် ရင်မဆိုင်ရဲစွာ ချန်း​ယော်လ်ပုန်းကွယ်မိပြန်ပြီ ။

' မျက်နှာ​လေးမြင်ရုံနဲ့ ​အေးချမ်းသွားလိုက်တာ '

မပြုံးမရယ်မျက်နှာတည်တည်သည် ချန်း​ယော်လ်ရင်အစုံကို ယခုတိုင်ကိုင်လှုပ်​နိူင်အား​​ကောင်းတုန်း ။

' ဘယ်သွားမလို့ပါလိမ့် '

ချန်း​ယော်လ် သတိထားမိ​နေတယ် ၊ ​တွေ့လိုက်တဲ့အ​ခေါက်တိုင်းမှာ အငယ်က ထီးအနက်​​ရောင်တစ်ခုသုံးလို့ လမ်း​လျှောက်တယ် ။ ဖြည်းဖြည်းချင်းသွား​နေတဲ့ အငယ့်​နောက်ပါးက​​နေ ချန်း​ယော်လ်လည်း ​ခြေဖွဖွနင်းလို့​လျှောက်​နေမိတယ် ။

' ဘယ်သူလဲ . '

မျက်​မှောင်ကုပ်လို့လှည့်ကြည့်လာတဲ့အငယ် ၊ ချန်း​ယော်လ် ​နေရာမှာပဲ​ခြေစုံရပ်​နေမိလိုက်တယ် ။ ချန်း​ယော်လ် ​ဖြေရှင်းချက်​ပေးဖို့စဥ်းစား​နေတာမို့ အသံတိတ်​နေမိတယ် ၊ အငယ်က ပတ်တီးဗရဗွနဲ့ ချန်း​ယော်လ်ကိုမြင်တာ​တောင် ဘာမှမဖြစ်သလို ​ရှေ့ကိုပြန်လှည့်သွားတယ် ၊ ထို့​နောက် သွားစရာရှိတာကိုသာ ဖြည်းဖြည်းချင်းဆက်လို့သွား​နေတယ် ၊

' အငယ် '

ချန်း​ယော်လ် အငယ့်​နောက်ကိုဆက်မလိုက်ပဲ ရပ်ကျန်​နေမိတယ် ၊ ချန်း​ယော်လ်နှုတ်ခမ်း​တွေက အငယ့်ကြား​အောင်ဟစ်​ခေါ်ချင်​ပေမယ့် ထွက်မလာခဲ့ဘူး ။ မျက်ရည်​တွေသာစီးထွက်လာ​နေတယ် ။ အကြည်​​ရောင်​ကောင်းကင်ပြာသည်လည်း ချက်ချင်းပင် မိုးတို့ထစ်ချုန်းလာ​တော့သည် ။ မိုးဖွဲ​တွေမှသည် တစ်ခဏချင်း မြန်မြန်ဆန်ဆန်နိူင်စွာ မိုး​ပေါက်တို့ဖြစ်လာ​တော့တယ် ။

same mistake <* C >Where stories live. Discover now