' နောက်မှသွားလို့မဖြစ်ဘူးလား အစ်ကို '
ခရီးဆောင်အိတ်ထဲ အင်္ကျီတွေအစီအရီ ထည့်သိမ်းပေးနေရင်းက သူသည်စိတ်ကူးပြောင်းသွားပုံရသည်။
' အခုဟောင်ကောင်မှာလည်း မငြိမ်ဘူးလေ၊ ဆန္ဒတွေပြနေတယ်ကြားတယ် '
' စိတ်မပူပါနဲ့ ဟျွန်းရယ်၊ အရမ်းကြီးလည်း အခြေအနေမဆိုးကြပါဘူး၊ '
ချန်းယော်လ် ကုတင်ပေါ်မှာပဲ ကောင်လေးကိုငုတ်တုတ်ထိုင်ကြည့်နေလိုက်သည်။
' ဒါတော့ဒါပေါ့ အစ်ကိုရယ်၊ ကျွန်တော်စိတ်ပူလို့ပါ '
ကောင်လေးက ချန်းယော်လ်နံဘေးဝင်ထိုင်လာရင်း ဆို၏ ။
' အာရီးဂူး ၊ ကိုယ့်ယောင်္ကျားလေးက စိတ်ပူစရာမရှိ ကြံဖန်ပူတတ်ပါရောလား '
ကောင်လေး၏ရှေ့ဆံပင်တွေကိုဖွပြီး ချန်းယော်လ်ကျီစယ်လိုက်သည်။
' စိတ်ပူရတာပေါ့ ၊ ကျွန်တော့်ဆီမှာ အစ်ကိုတစ်ယောက်တည်းရှိတာ '
ချန်းယော်လ်လက်တွေကို ကောင်လေးဆုပ်ကိုင်ရင်း ဖြေရှာသည်။
' အစ်ကိုက ကလေးမှမဟုတ်တော့ပဲ ဟျွန်းရယ်၊ အရာရာစိတ်ပူစရာမလိုတော့ပါဘူး '
ကောင်လေးက ချန်းယော်လ်ကိုကြည့်၍
' ကလေးမဟုတ်လို့ ပိုစိတ်ပူတယ် အစ်ကို '
ကောင်လေးစကား၏အဓိပ္ပါယ် အတိမ်အနက်ကို ချန်းယော်လ်ကောင်းကောင်း သဘောပေါက်တာမို့ အဖြေပင်မပေးမိပါ ။
' ကျွန်တော်အစ်ကို့က ကလေးလေးသာ ဖြစ်နေရင်ကောင်းမှာပဲလို့လည်း ကျွန်တော် ခဏခဏတွေးဖူးတယ်၊ ဒီလိုသာဆိုရင် ကျွန်တော်ကလေ အစ်ကို့ကို ဘယ်သူမှမမြင်နိူင်တဲ့ နေရာမှာဖွက်ထားမိမှာပဲ ၊ ကျွန်တော်တစ်ယောက်တည်းချစ်ပြီး ကျွန်တော်တစ်ယောက်တည်း မြတ်နိူးမယ်၊ '
ချန်းယော်လ်မှာ တုန့်ပြန်စကားပင်ရှိမနေ။
' ဒါပေမယ့် အစ်ကိုကအချစ်ခံရဖို့ ထိုက်တန်တဲ့သူ၊ လူအများကြီးရဲ့လေးစားမှု၊ ချစ်ခင်မှု၊ အရေးပေးမှုတွေကို အများကြီးရမယ့်သူ တစ်ယောက်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော်သိပါတယ်၊ ဒီတစ်လော ကျွန်တော် အစ်ကို့ကိုသိပ်တွယ်ကပ်နေမိတယ်။ အစ်ကို စိတ်ရှုပ်မှာလည်းသိတယ်။ အချစ်လွန်သွားတဲ့အခါ အလိုလိုနေရင်း စိတ်ဆိုးစိတ်ကောက်ချင်မိတယ်။ ဘာမဟုတ်တာလေးကလည်း ကျွန်တော့်ကို အတွေးများစေတယ်။ သေချာသွေးအေးအေးနဲ့ ပြန်စဉ်းစားကြည့်ရင် အစ်ကို့ကို ကျွန်တော်က ကျွန်တော့်ဘက်ကချစ်မိသူ တစ်ယောက်အနေနဲ့
ဆိုင်ပဲဆိုင်တာ ၊ ကျွန်တော် အစ်ကို့ကိုမပိုင်ဘူးလေ'
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်