same mistake-19

2.6K 341 12
                                    

' ​နေဝင်ဆည်းဆာက လွမ်း​ဆွေးဖို့​ကောင်းတာပဲ'

​နောက်ဆုံး​သောစုတ်ချက်ကို ကားချပ်​ပေါ်​နေရာချပြီး​နောက် ဂျွန်​မြောင် ​တီးတိုး​ရေရွတ်လိုက်တယ်။ ကမ်း​ခြေ​သောင်စပ်မှာရှိ​နေတဲ့ ကောင်​လေးနှစ်​ယောက်​ကြောင့်လည်း ဂျွန်​မြောင့်ပန်းချီချပ်ဟာ ပိုပြီးအသက်ဝင်ဝင်ပြီးဆုံးသွားတာကို ဝန်ခံရလိမ့်မယ်။

သည်က​နေ့မှ စိတ်​တွေစီး​မျော​နေတာမို့ လ​ပေါင်းကြာ​နေ​အောင်ပစ်ချထားခဲ့​သောစုတ်တံကို ဂျွန်​မြောင် တခုတ်တရပြန်ကိုင်ဖြစ်တယ်။ ကားချပ်လိပ်ကိုသိုင်းပြီး ကမ်းစပ်ကိုလာခဲ့ရင်း ဂျွန်​မြောင့်ရည်ရွယ်ချက်အမှန်က ​နေဝင်ဆည်းဆာလှလှကိုပုံ​​ပေါ်လာ​စေဖို့သာ။ သို့​ပေမယ့် မထင်မှတ်ပဲကြုံ​တွေ့လိုက်ရ​သော ဆည်းဆာချိန် ပုဇွန်ဆီညို့ညို့​သည် အ​ဆွေး​ရောင်သန်းလွန်းပါဘိ။

ကမ်း​ခြေ​​သောင်စပ်မှာ ငူငိုင်စွာကျန်ရစ်​နေ​သော ​ကောင်​​လေး၏အသည်းအသက်သည် ည​နေခင်းပန်းပွင့်ငယ်သဖွယ် တလွင့်လွင့်ထွက်ခွာသွား​​သော ​ကောင်ငယ်​လေး​နောက်ကိုလိုက်ပါသွား​လေမလား။

' လှပတဲ့ဆည်းဆာဇာတ်သိမ်း​​လေးပဲ '

အ​​​ရောင်စုံ​စွာပင် ဖျော့​သော၊​တောက်​သော၊နီ​သော၊ညို့​သော ပန်းချီကားချပ်ကိုတစ်လှည့်၊ ထိုသူ နှစ်​ယောက်ကိုတစ်ဖန် ဂျွန်​မြောင် ကြည့်မိလိုက်သည်။ ထို့​နောက် ပြုံးမိသည်။ လှပတယ်ဆိုတာနဲ့ ​​ဖြေသိမ့်လိုက်တာ။ တစ်ကယ်တမ်း​နောက်ကွယ်မှာ သိပ်ပြီးရင်နာလွမ်း​ဆွေးဖွယ် ဇာတ်တစ်ပုဒ်ရှိ​နေ​သေးတယ် မဟုတ်လား။

ဆားရည်ငံတစ်လှိုက်ရလိုက်တယ်။ ဂျွန်​​မြောင် ရနံ့ပိုင်ရှင် ပင်လယ်ဘက်ဆီ​သို့ ငေး​မောလိုက်တယ်။
တစ်ဦးတစ်​ယောက်က​တော့ ထိုရနံ့ကိုသိပ်၍ သ​ဘောကျသည်ထက်ပိုခဲ့ဖူးပါ၏ ။

' ဂျွန် ... '

ထိုအမည်နာမကို ​ရေ​မြေစကားမပီတပီဖြင့်
အဖျားစွတ်​ခေါ်တတ်ချိန်တိုင်း ဂျွန်​​မြောင် ရင်ခုန်နှုန်း​တွေ ဂယက်ဆန်ခဲ့လွန်းပါ၏ ။

' ဂျွန်က မာနကိုရွေးချယ်ခဲ့တာပဲ '

ဆယ်​ကျော်သက်မှာရူးနှမ်းခဲ့သည်။ သူ​​ပြောသလိုပဲ ဂျွန်​မြောင် ကိုယ့်မာနကိုသာ​ရှေ့တန်းတင်၍ သူ့အား မျက်ကွယ်ပြုခဲ့ပါ၏ ။ အချစ်တစ်ခုတည်းမကြည့်ခဲ့​တာ ရာနှုန်းပြည့်မမှန်ကန်ခဲ့ပါ ။ ကျန်​နေသည့် သက်တမ်းတစ်​လျှောက်မှာ သူ့အားချစ်​နေရင်းသာ ​နောင်တတို့နှင့်ရှင်သန်​နေရလိမ့်မည်ဟု ဂျွန်​​မြောင် စိတ်ကူးပင်မယဥ်ခဲ့ဖူးပါ ။ သို့​​ပေမယ့် တစ်ယူသန်စွာ မိမိဆုံးဖြတ်ချက်သည်မှန်သည်ဟု ​တေးမှတ်​နေမိသည် ။

same mistake <* C >Where stories live. Discover now