' မေမေ့မှာ သားလေးတစ်ယောက်တည်းရှိတာ '
ချန်းယော်လ် နားတွေပိတ်ထားလိုက်၏ ။
' ကျွန်တော့်မှာ အစ်ကိုတစ်ယောက်တည်းရှိတော့တာ'
စကားသံတို့က ချန်းယော်လ်ကို ဒေါသထွက်စေ၏ ။ နားနှစ်ဖက်ကို သွင်သွင်ပိတ်ထားလိုက်ပါ၏ ။
သို့သော် ရယ်သံတွေ၊ စကားသံတွေက
ချန်းယော်လ်အား လှောင်ပြောင်နေသည့်အလား ၊' အလိမ်အညာတွေ ၊ အကုန်လုံးက အလိမ်အညာတွေ '
ကျယ်လောင်စွာအော်ဟစ်မိ၏ ။ သို့သော် မွန်းကြပ်မှုတို့ လျော့မသွား၊ဆင့်ကာဆင့်ကာသာတိုး၍
လာနေသယောင်။' မေမေက သားကိုချစ်လို့ သားနဲ့အဝေးကို
ထွက်သွားပေးတာ ၊ 'အနားတွင် ပေါက်ခွဲထားမိသော ပစ္စည်းတွေလည်း
ပုံနေလေ၏ ။' အစ်ကိုပျော်ဖို့အတွက် ကျွန်တော်ထွက်သွားပေးမယ်၊ အစ်ကို ပျော်ပါစေ '
အမှောင်အတိကျနေသောအခန်းထဲ ချန်းယော်လ်တစ်ယောက်တည်း ငူငိုင်စွာထိုင်နေမိတော့၏ ။ အလင်း မြင်ရမှာကိုပင် ကြောက်ရွံ့နေမိ၏ ။
' အော် ...... '
အာမေဍိတ်သံတစ်ခုသာ ရေရွတ်မိတော့၏ ။
ထို့နောက် စိတ်ထဲ ရယ်ချင်စိတ်ကကြီးစိုးလာ၏။' ဘယ်လိုတောင်ရယ်ရတဲ့ဟာသတွေလဲ '
ချန်းယော်လ် နေရာတွင်ပင်လှဲချကာ ဗိုက်နှိပ်ကာ အော်ဟစ်ရယ်မိတော့၏ ။ သို့သော် မျက်ရည်တို့ အဆက်မပြတ်ခဲ့ပါ ။ အတိုင်းအဆမသိအောင်
ရယ်ချင်နေပါသော်လည်း ဘယ်အတွက်ကြောင့် မျက်ရည်ပေါက်ကြီးငယ်ကျနေမိသလဲ ၊ ချန်းယော်လ်ကိုယ်တိုင်ပင် နားမလည်ချင် ၊' ဗြောင်ဘတ်ခ်ဟျွန်း ... '
ချန်းယော်လ် မဲ့ကာပြုံး၏ ၊ ချန်းယော်လ်စိတ်ကို
ဘယ်သောအခါမှနားမလည်ခဲ့သော ထိုကောင်လေး ၊' မေ့လိုက်တော့မယ်ဆိုရင် အစတည်းက
ချစ်တတ်အောင် မင်းမသင်ပေးခဲ့သင့်ဘူးလေ '
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်