' အဒေါ်ကြီးက ပန်းချီဆွဲရတာ အရမ်းသဘောကျတယ်ထင်တယ် '
ပန်းချီကားအလွတ်ပေါ်မှာ ဘာမှမရေးဆွဲသေးပဲ ဒီအတိုင်းကြည့်နေသေးတဲ့ အမေအသစ်ရဲ့ အနားသွားပြီး ဘတ်ခ်ဟျွန်းစပ်စုလိုက်တယ်။ အမေအသစ်က ပါးချိုင့်လေးနစ်အောင်ပြုံးပြပြီး ဘတ်ခ်ဟျွန်းကို ခေါင်းငြိမ့်ဖြေတယ်။
' ပန်းချီဆိုတာ လူတစ်ယောက်ရဲ့စိတ်ခံစားမှုကို ရောင်ပြန်ဟပ်စေတယ် ဟျွန်းငယ်ရဲ့ '
' ရောင်ပြန် ? ..အ့ဒါ ဘာကိုပြောချင်တာလဲ '
စုတ်တံကို နံဘေးမှာချလိုက်တယ်၊ ဘတ်ခ်ဟျွန်း ရပ်ကြည့်နေတာမို့ အမေအသစ်က အနားထပ်တိုးလာဖို့ ခုံပုလေးကိုညွှန်းပြတယ်၊ ဘတ်ခ်ဟျွန်းလည်း ခုံဆွဲပြီး အမေအသစ်ဆက်ပြောလာမှာကို နားစွင့်နေမိတယ်။
' ပန်းချီဆွဲတဲ့အချိန် အရေးကြီးဆုံးက စိတ်ငြိမ်ရှင်းနေဖို့လိုတယ်လေ၊ အဒေါ်တို့ပုံစံချအကောင်အထည်ဖော်ချင်တဲ့ အရုပ်ကိုကြွအောင် စိတ်ကူးနဲ့အရင်ဆွဲကြည့်တယ်၊ ပြီးမှ တစ်ကယ်တမ်းဆေးစက်ကျအောင်လုပ်ပြီး စိတ်ကူးအတိုင်းဖြစ်အောင်ဆွဲတယ်၊ ဒီတော့ ကိုယ့်နှလုံးသားထဲကမြတ်နိူးမိတဲ့ လူဖြစ်ဖြစ်၊ အရာဝတ္ထုဖြစ်ဖြစ် ၊ တစ်ခုခုကတော့ အရင်ဆုံး အကောင်အထည်ပေါ်လာတယ်၊ ဆွဲတဲ့သူက စိတ်ကူးရှိတဲ့သူအပေါ် ပိုပိုမြတ်နိူးချစ်ခင်လေလေ၊ ချစ်ရသူကိုတွေးပြီးဆွဲလေလေ ဒီပန်းချီဟာ ပိုပိုရုပ်ကြွအသက်ဝင်လေလေပဲပေါ့ ဟျွန်းငယ်ရဲ့ '၊ ပြီးတော့ ဘေးလူလာကြည့်ရင်တောင် ရေးဆွဲခဲ့တဲ့လူဟာ သူ့ပန်းချီကားအပေါ် ဘယ်လောက်အထိ စိတ်နှစ်ထားပါတယ်ဆိုတာမြင်နိူင်တယ်လေ ၊
ဒါကို စိတ်ရဲ့ရောင်ပြန်လို့ခေါ်တယ် 'အမေအသစ် အသေအချာပြောပြနေပေမယ့် ဘတ်ခ်ဟျွန်း နားမလည်နေတာအမှန်ပါပဲ။ ဘတ်ခ်ဟျွန်းသိတာ စုတ်တံတစ်ခုကိုင်နိူင်ရင် ကိုဆွဲချင်ရာကိုပုံဖော်နိုင်ပြီဆိုတာကိုပဲ ။
' နားထောင်နေပေမယ့် ဘာကိုပြောချင်မှန်း မသိတော့ဘူး ၊ ဟီး ...'
ဘတ်ခ်ဟျွန်း သွားတွေပေါ်အောင်အထိပြုံးပြတော့ အမေအသစ်က အားပါးတရရယ်ပါတယ်။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်