အိမ်ရှေ့ခန်းရှိစင်ပေါ်မှာ သတ်သတ်မှတ်မှတ်ရှိနေတဲ့ ဓာတ်ပုံ၊ မှန်ဘောင်အကျယ်ကြီးထည့်ပြီး အိမ်လယ်ခေါင်မှာထီးထီးကြီး ချိတ်ဆွဲထားတာမျိုး မဟုတ်၊ ရိုးရိုးသာမာန် ဘောင်တစ်ခုအနေနဲ့ပဲ စင်ပေါ်ထောင်ထားတယ်။ ထိုပုံကိုယူ၍ ဘတ်ခ်ဟျွန်း တီးတိုးရေရွတ်မိလိုက်၏ ။
' နှစ်တွေတော်တော်လေးကြာသွားခဲ့ပြီပဲ '
အဖေ၊ အမေအသစ်၊ အစ်မဟိုထက်၊ ဘတ်ခ်ဟျွန်း၊ ပြီးတော့ အမေအသစ်ရဲ့သား ၊ ဓာတ်ပုံထဲမှာ အယောက်တိုင်းစီက မပြုံးမရယ်နဲ့။ ဓာတ်ပုံသာစုရိုက်ကြတာ၊ အကုန်လုံးက တစ်ယောက်မျက်နှာတစ်ယောက် သေချာတောင်ကြည့်တာမဟုတ်ဘူး ။ ဘတ်ခ်ဟျွန်းတစ်ယောက်တည်းကသာ ငိုထားလို့မျက်နှာတွေနီရဲနေတဲ့ အမေအသစ်သားကိုကြည့်ပြီး ခပ်ပြုံးပြုံးလေးဖြစ်ခဲ့ပါရဲ့။အမှတ်တရဖြစ်အောင်ဆိုပြီး အဖေ့ရဲ့ဒုတိယအကြိမ်မင်္ဂလာပွဲမှာ မိသားစုအသစ်နဲ့ဓာတ်ပုံအတူရိုက်ဖြစ်ခဲ့ကြတယ်။
ပုံထဲကလူတွေအတွက် ဘယ်လိုလဲမသိပေမယ့်၊ တစ်ကယ်တမ်းမှာ ဘတ်ခ်ဟျွန်းအတွက် အမှတ်တရဖြစ်နေခဲ့တာတော့ အမှန်ပါပဲ ။ အမေအသစ်ရဲ့သားကြောင့် ဒီအမှတ်တရတွေ ကျန်နေခဲ့တာဆိုပိုမှန်ပါလိမ့်မယ်။
ထိုနေ့က မင်္ဂလာပွဲမစခင် ဘတ်ခ်ဟျွန်း ခန်းမနေရာမှာ မနေသေးပဲအပြင်ဘက်ကို လျှောက်ကြည့်နေခဲ့တာ။ အစ်မဟိုထက်ကတော့ ဘယ်မှလိုက်ကြည့်ချင်စိတ်မရှိဘူးဆိုပြီး ခန်းမထဲ မျက်နှာရှစ်ခေါက်ချိုးနဲ့နေရစ်တယ်၊ မင်္ဂလာပွဲကိုတောင် ဘွားဘွားနဲ့ဘတ်ခ်ဟျွန်း အာပေါက်မတတ်ပြောနေလို့၊ မလွှဲသာပဲလိုက်လာခဲ့တာမို့ ဘတ်ခ်ဟျွန်း အစ်မစိတ်ရှုပ်အောင်ထပ်မလုပ်တော့ဘူး။
' တွေ့တိုင်းငိုနေတော့တာပဲ '
ရှေ့တစ်ရက်ကလိုပေရေမနေပဲ ဒီနေ့တော့ အထက်အောက်အဖြူဝတ်ထားတယ်။ အဝတ်အစားပဲပြောင်းသွားတာရှိမယ်၊ ထိုကောင်လေးက ရှေ့ရက်ကတွေ့ခဲ့သလို အခန်းထောင့်မှာ ကုပ်ကုပ်လေးထိုင်ငိုနေတုန်းပါပဲ ။
ကောင်လေးနဲ့ဘတ်ခ်ဟျွန်းက အသက်ကွာလောက်မှ သုံးလေးငါးလပေါ့၊ ဒါကတော့ ဟိုတခါတွေ့မိတဲ့ သူ့အရပ်ကိုကြည့်ပြီး ဘတ်ခ်ဟျွန်း ခန့်မှန်းမိရုံ။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်