' ဘာဖြစ်တယ်ဆိုတာပြောမှပေါ့ ၊ ဒီလိုကြီးငိုနေတော့ ကျွန်တော်က ခဗျားဘာဖြစ်နေသလဲဆိုတာ မခန့်မှန်းနိူင်ဘူးလေ '
ချန်းယော်လ် ထိုမိန်းကလေးကျောကို ဖြည်းဖြည်းပုတ်ရင်း နှစ်သိမ့်စကားပြောလိုက်၏။ ရုတ်ခြည်းဆိုသလို မိန်းကလေးက ငေါက်ခနဲထဖို့လုပ်သည်။
' သွားရမယ်၊ ကျွန်မသားလေးဆီသွားရမယ် ၊ ဂျောင်မင်းလေးဆီသွားရမယ် '
ချန်းယော်လ် သက်ပြင်းချမိသည်။
' ဒါဆို သူက ဘယ်မှာလဲ ၊ ကျွန်တော် လိုက်ပို့ပေးမယ် '
မိန်းကလေး၏အငိုသံရော၊စကားသံရော တိတ်သွား၏။
' သားလေးက အခု ကိုးရီးယားမှာ၊ ကျွန်မသွားချင်ရင်တောင် သွားလို့မရဘူး ၊ ဂျောင်မင်းလေး ကျွန်မကိုရှာနေတော့မှာ ၊ သူ သိပ်ကြောက်နေမှာ '
ချန်းယော်လ်လည်း ဘယ်လိုဆက်နှစ်သိမ့်ရမည် မတွေးဆတတ်တော့ပါ။
' အရင်ဆုံး ထလိုက်ပါဦး၊ ဟိုတယ်အဝင်မှာ ဒီလိုထိုင်ငိုနေတာ မသင့်တော်ဘူး '
မိန်းကလေးမတ်တပ်ရပ်နိူင်အောင် ချန်းယော်လ်တွဲကူပေးလိုက်သည်။
' ဟဲလို အမေ အမေလား ၊ သမီးကလေး သမီးသားလေး အခြေအနေဘယ်လိုလဲဟင် '
ဖုန်းအဆက်အသွယ်သည် သတင်းကောင်းဖြစ်ပုံရသည်။ မိန်းကလေးသည် မျက်ရည်ကျလျက်သားဖြင့် ပြုံးပြန်၏။ အတော်လည်း ထူးဆန်းသောမိန်းကလေးဟု ချန်းယော်လ်တွေးမိ၏။
' တော်သေးတာပေါ့ ၊ တစ်ကယ်တော်သေးတာပေါ့'
မိန်းကလေးပုံစံကအဆင်ပြေသလိုရှိပြီမို့ ချန်းယော်လ်လည်း ဆက်ပြီးရပ်မကြည့်နေတော့ပဲ ထွက်လာလိုက်တော့၏။
' ဟို .. '
ခပ်မြန်မြန်လျှောက်သွားပြီဖြစ်တဲ့ ချန်းယော်လ်နောက်ကျောကိုသာ သူမတွေ့ရတော့သည်။
' ကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး '
သူမ အလုပ်လုပ်နေတဲ့ဟိုတယ်မှာတည်းနေတဲ့ ထိုဧည့်သည်ကို သူမကောင်းကောင်း မျက်မှန်းတန်းမိပါသည်။ တည်တည်ကြည်ကြည် ရည်ရည်မွန်မွန်ရှိသည်ကတော့ လက်ခံရမည်။
![](https://img.wattpad.com/cover/197096794-288-k596261.jpg)
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်