' ကိုယ်တို့ သေချာပြန်စဉ်းစားသင့်ပြီ အငယ် '
ချန်းယော်လ် ဖြည်းဖြည်းအေးအေးနဲ့ တစ်လုံးချင်းစီပြောလိုက်တယ်။ အပြုံးမျက်နှာတစ်ခုတော့ လုံးဝ ပျက်ယွင်းသွားခြင်းမရှိသောကောင်ငယ်လေးက ငြိမ်ပြီးနားထောင်နေသလား၊ တစ်ခုခုပဲတွေးတောနေသလားမသိနိူင်အောင် တိတ်ဆိတ်လွန်းပါတယ်။
' အစ်ကို့သဘောပါ ၊ '
သူတို့နှစ်ဦးကြားမှာ ပြောစရာစကားမရှိတော့အောင် အခြေအနေက ငြိမ်သက်သွားပြန်တယ်။ ချန်းယော်လ် ကောင်လေးကိုအကြည့်မလွှဲပဲနေမိတယ်။ ကောင်လေးက အပြုံးမျက်နှာသေနဲ့ ကောင်းကင်ကိုစိုက်ကြည့်နေတယ်။ ချန်းယော်လ်ကို ကောင်လေးအကြည့်လွှဲနေတာကို ချန်းယော်လ် မကြိုက်ဘူး ။ ဘာရယ်မဟုတ်ပဲ ဒီအတိုင်းကို သဘောမကျတာ။ ကောင်လေး သူ့ကိုမမြင်တော့တဲ့တစ်ခဏက ဒေါသထွက်စရာကောင်းတယ်။ တစ်ကိုယ်ကောင်းဆန်တယ်ပြောကြပါစေ၊ ကောင်လေးက ချန်းယော်လ်ကို မျှော်ကိုးကြည့်နေတာကို သိပ်နှစ်သက်ပါတယ်။
ပတ်ဝန်းကျင်ကတော့ တစတစနဲ့ နေဝင်လုပြီ။ တိမ်တွေကမှောင်ရိပ်သန်းလာတယ်။ ရွေ့လျားနေတယ်ထင်ရတဲ့တိမ်စိုင်တိမ်လိပ်တွေကို ကောင်လေးက မလွတ်တမ်းစိုက်ကြည့်နေခဲ့တာ။
ကောင်လေး ဘာတွေတွေးနေတာလဲ။ သူကလွဲရင် ကောင်လေးဆီမှာ တခြားအကြောင်းအရာတွေ ရှိနေဦးမလား ။
' အစ်ကို '
ချန်းယော်လ်ကိုမကြည့်ပါပဲ ကောင်လေး တိုးတိုးဖွဖွခေါ်လာတယ်။ ချန်းယော်လ် ပြန်မထူးမိပါ။
' ကျွန်တော် သိပ်သဘောကျတဲ့ ကောင်းကင်ကို အတွေးတွေမရှိပဲငေးနေရတာကို ကျွန်တော်သိပ်ကြိုက်တာ အစ်ကိုသိလား ၊ စိတ်တွေသိပ်ရှုပ်လာတဲ့အခါ အဆုံးအစမရှိတဲ့ ကောင်းကင်လွင်ပြင်ကိုငေးနေရရင် ကျွန်တော့်ကိုလွတ်လပ်သွားစေတယ်၊ ကျွန်တော့်ကို ပြုံးစေလာတယ် ၊ ကျွန်တော့်ကို အားအင်အသစ်တွေပေးတယ် '
ကောင်လေးအကြည့်တွေ အခုထိ ချန်းယော်လ်ဆီရှိမနေသေးဘူး ။ ဒါက ခံရခက်တယ်လို့ ဘာအတွက်ကြောင့်များ ချန်းယော်လ်ခံစားမိနေသနည်း။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်