' ကြယ်တွေကလှသလား အစ်မ '
ဝရန်တာကိုကျောပေးရပ်ထားရင်း ဘတ်ခ်ဟျွန်း မေးလိုက်တယ် ။
' ကြယ်တွေကိုသဘောကျတဲ့သူအတွက်တော့ လှမှာပေါ့ '
ညခင်းလေပြေက ဘတ်ခ်ဟျွန်းဆံပင်တွေကြား ဖြတ်ပြေးသွားတယ် ။
' အစ်မက ကြယ်တွေကိုသဘောမကျဘူးလား '
အပြင်ဘက်ကိုမျက်နှာမူရပ်နေတဲ့ဟိုထက်လည်း ဘတ်ခ်ဟျွန်းနည်းတူလှည့်လာလိုက်တယ် ။
' သဘောမကျဘူးရယ်တော့မဟုတ်ပါဘူး ၊ ဒါပေမယ့်ကြယ်တွေထက်စာရင် လမင်းကိုပိုအလေးသာမိတယ် '
' ဘာလို့ . '
ဘတ်ခ်ဟျွန်း ဟိုထက်ဘက်ဆီ ခေါင်းလေးငဲ့ရင်း အဖြေကိုနားစွင့်နေမိသည်။
' ကြယ်တွေဖြစ်ဖြစ် ၊ လမင်းဖြစ်ဖြစ် နှစ်ခုစလုံးက အစ်မတို့နဲ့အဝေးကြီးမှာရှိတယ်၊ မျှော်ကြည့်ငေးကြည့်ရတာချင်းအတူတူပဲ ၊ ဘယ်တော့များကြွေသွားမလဲဆိုပြီး စိုးရိမ်နေရမယ့်ကြယ်အစုအဝေးတွေကို မမျှော်ငေးနေချင်ဘူး ၊ '
' လမင်းကလည်းကွယ်သွားနိူင်တာပဲလေ '
ဟိုထက် ဘတ်ခ်ဟျွန်းခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်၏ ။
" ကွယ်သွားနိူင်ပေမယ့် အနည်းဆုံးတော့ တစ်ပါတ်ပြည့်ရင် သူထပ်ပေါ်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ပျော်နိူင်နေသေးတယ်လေ '
ကောင်းကင်ထက်မှာ မှိတ်တုတ်မှိတ်တုတ်လက်နေသော ကြယ်တစ်ပွင့်အား ဟိုထက်ကြည့်လိုက်မိသည်၊
' လူသားတွေဖြစ်တဲ့အတွက် မျှော်လင့်ချက်ဆန္ဒတစ်ခုတော့ ရင်မှာပိုက်ပြီး အသက်ရှင်နေကြရမှာပဲ ဟျွန်းငယ်၊ မဟုတ်ပါဘူးလို့ ပိုငြင်းလေလေ ၊ ဒီလူက ပိုပြီးမျှော်လင့်ချက်ကြီးကြီးရှိလေလေပဲ ၊ '
ဘတ်ခ်ဟျွန်း ထပ်မမေးလာတော့ပါ။ဟိုထက်လည်း ကြယ်အပြည့်ပက်ဖြန်းထားသော ကောင်းကင်အား ငေးနေမိတော့သည်။
' မျှော်လင့်ချက် . '
ဘတ်ခ်ဟျွန်း ထိုစကားလုံးအား ထပ်ခါထပ်ခါ တီးတိုးရေရွတ်နေမိသည် ။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်