စောစောစီးစီးထစရာမရှိပေမယ့် ခန္ဓာကိုယ်သည်က ကျင့်သားရနေခဲ့ပြီ ။ မနက်၅နာရီဒေါင်ဆိုသည်နှင့် မျက်လုံးက အလိုလျောက်ဖွင့်မိသား။ ဘတ်ခ်ဟျွန်း စိတ်ကိုဖျောက်၍ အတင်းပြန်အိပ်ဖို့ကြိုးစားသော်လည်း မဖြစ်။ ထိုသို့နှင့် အိပ်ယာပေါ်တွင် ငုတ်တုတ်သာထထိုင်နေမိတော့သည်။
ခန်းစီးစကိုဖွင့်လိုက်ရင် အခန်းထဲကို အလင်းတွေ တလဟောတိုးလာတော့မှာသိတယ်။ သို့ပေမယ့် ကုတင်ပေါ်မှခြေချရန်ကိုပင် ခြေဖဝါးတို့ ချည့်နှဲ့နေခဲ့၏။ နေရောင်တွေဝင်လိုငြား အပြုံးအရယ်ပေါင်း တစ်သောင်းနှင့် ထိုလိုက်ကာခန်းစီးတို့အားဖွင့်ဖူးခဲ့သည့် အချိန်တို့ကိုလည်း ဘတ်ခ်ဟျွန်းမေ့လိုက်ချင်ပြီ။
မနက်ခင်းကို သူနဲ့အစပြုခဲ့တယ်၊ တစ်နေကုန် သူ့စိတ်နဲ့လည်ပတ်ခဲ့တယ်၊ ညဘက်ရောက်တိုင်း သူ့အကြောင်းတွေးပြီး အိပ်ယာဝင်ခဲ့တယ်။ ဒါဟာ အလေ့အကျင့်တစ်ခုဖြစ်နေတာမဆန်းခဲ့ဘူး ။ တစ်ဘဝစာလုံး ကိုယ်တိုင်ပုံစံချခဲ့တဲ့ ဘောင်တစ်ခုပဲ၊ ဒီရပ်ဝန်းထဲမှာ ရူးသွပ်ပြီးပျော်ခဲ့ပါတယ်။ အစားမထိုးချင်လောက်အောင် မြတ်နိူးခဲ့ပါတယ်။ သို့ပေမယ့် အခုတော့ နောက်ပြန်လှည့်မကြည့်ချင်တော့ဘူး ။ ဒီအတိုင်း အဝေးကြီးကိုထွက်ပြေးချင်လုပြီ။
သူ့အပြုံးတွေ၊သူ့ရယ်သံတွေ၊သူ့မျက်ဝန်းတွေ၊သူ့နှုတ်ခမ်းတွေ၊ အစရှိရှိသမျှ သူ့ဖြစ်တည်မှုမှန်သမျှကနေ ဘတ်ခ်ဟျွန်း ထွက်ပြေးမယ်။ လွတ်မြောက်အောင်လုပ်မယ်။
' အစ်ကို့အကြောင်းတွေ ကျွန်တော်မတွေးချင်ဘူး '
မေ့မယ်လို့ဆုံးဖြတ်ထားပြီးရင် သေချာပေါက် မေ့မှဖြစ်မယ်၊ ဒါမှ ကိုယ့်ကိုထားခဲ့မယ့်သူက စိတ်ချလက်ချထားခဲ့နိူင်မှာ ။ ဆွဲမထားဘူး ။ သူနဲ့ကိုယ်ကြားနက်ရှိုင်းခဲ့တဲ့ပတ်သတ်မှုမှာ ကောင်းတဲ့အတိတ်ဆိုတာ ကိုယ် သူ့ကိုကြည်ကြည်ဖြူဖြူနဲ့ လက်လွှတ်ပေးခြင်းလို့ ဘတ်ခ်ဟျွန်း သတ်မှတ်ထားတယ်။ ဒါဟာ နောက်ဆုံးသောကျန်နေမယ့် အမှတ်တရကြိုးတစ်ချောင်းဖြစ်လာမယ်မဟုတ်လား ။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်