same mistake-9

3.1K 488 22
                                    

ချန်းယော်လ်က အရက်သောက်တာကို မကြိုက်ဘူး။ ငယ်ဘဝတစ်လျှောက်လုံး မူးရူးနေတဲ့အဖေနဲ့ဖြတ်သန်းခဲ့ရတာမို့ အရက်ဆိုသောအရာကိုမုန်း၏ ။ ဒီနေ့တော့ ချန်းယော်လ်မုန်းသောအရာကို ကိုယ်တိုင်လက်တွေ့စမ်းသပ်ချင်လာ၏ ။ မူးပြီးမှောက်သွားရင် အရာအားလုံး အဆင်ပြေသွားမလား ။ ဒါနဲ့ဆို ဒုတိယအကြိမ်​မြောက် ။

ပထမတစ်ခွက်ကို အာခံတွင်းထဲငုံမိတော့ အဝင်ဆိုးဆိုးအနံ့ကြောင့်ပျို့ချင်လာ၏ ။ ခါးသက်သက်အရသာသည် လည်ချောင်းမှသည် ဝမ်းအတွင်းပိုင်းရောက်လေလေ ပူစပ်စပ်ဖြစ်စေ၏ ချန်းယော်လ် မျက်လုံးတွေပါမှိတ်ပြီးမျိုချမိသည်။

' ခါးလိုက်တာ '

နှုတ်ခမ်းအစွန်းမှာပေလေသောအရည်တချို့ကို လက်ခုံဖြင့်သုတ်လိုက်၏ ။ ထို့နောက် ဒုတိယတစ်ခွက် ၊ ဒီတစ်ကြိမ်တော့ ပထမလောက် အဝင်မဆိုး။ သို့ပေမယ့် မ​သောက်တာ အ​တော်ကြာပြီ၊
ပြန်စမ်းသပ်တာမို့ ၂ခွက်မြောက်တွင်ပင် ချန်းယော်လ် ရီဝေဝေဖြစ်ချင်လာ၏ ။ ပါးစပ်ထဲချဉ်နေသလိုကြောင့် ချန်းယော်လ် စီးကရက်ဖွာချင်လာ၏ ။ ထိုင်ခုံကနေ ဗီရိုရှိရာဆီ ခြေကိုသေချာလှမ်းသွားလိုက်သည်။ ဗီရိုရဲ့အပေါ်ဆုံးအံဆွဲမှှာ ဆေးလိပ်ဘူးကိုမတွေ့မိ။ ဒီနေရာမှာထားသည်ဟုပဲ ချန်းယော်လ်ထင်ထားတာ ။

' အငယ် ဒီကဆေးလိပ်ဘူး ဘယ်မှာလဲ '

ပါးစပ်မှသည်ယောင်ယမ်းထွက်သွားမိ၏။ ချန်းယော်လ် မမူးသေးပါ၊ ပင်ကိုယ်အသိစိတ်တွင် လက်ရှိ သည်အိမ်ထဲမှာ သူတစ်ယောက်တည်းဆိုတာ ကောင်းကောင်းသိနေသေး၏ ။ အံဆွဲကိုပြန်ပိတ်မိ၏ ။ အံဆွဲခြေရင်းတွင်ပင် ချန်းယော်လ်ဒူးတုပ်ထိုင်နေမိသည်။

ကောင်လေးထွက်သွားတာ ပျမ်းမျှအချိန် နာရီဝက်လောက်ပဲရှိသေး၏။ ချန်းယော်လ်မှာတော့ ခံတွင်းတောင်းနေသော ဆေးလိပ်ကိုပင် အဖြစ်ရှိအောင် မသောက်နိူင်တော့ပါ ။

' အငယ် တစ်ကယ်ထွက်သွားပြီပဲ '

ညဘက်အိမ်ပြန်ရောက်ချိန်တိုင်း မီးလင်းထိန်ထိန်ကိုသာမြင်တွေ့ဖူးသည်။ ယခုလို အမှောင်အတိကျနေသော အိမ်ဝန်းကျင်မဟုတ်ပါ။
အရာအားလုံးသည် မှောင်ကျင်းနေ၏။ အရိပ်လိုလို၊တစ်ကယ်လိုလိုနှင့် မှုန်ဝါးဝါးတွေဖြစ်နေ၏ ။ အိမ်ရှေ့ခန်းမှ နာရီက တစ်ချက်ချက်နှင့် အသံထွက်နေ၏။ ဒီလိုဆိုပြန်တော့ ချန်းယော်လ် တစ်ယောက်တည်းမဟုတ်ပါဘူးဟု ရှာကြံတွေးမိသေးသည်။

same mistake <* C >Where stories live. Discover now