ဂန်ဝန်းဒိုက သစ်ပင်တောတောင်ပေါတယ်။ ပင်လယ်နဲ့နီးတယ်။ ပြောရကြေးဆို သဘာဝအလှပေါတယ်။ ဘတ်ခ်ဟျွန်း ပင်လယ်ပြင်ကိုမျက်နှာမူထားတယ်။ ဆားငန်ရည်နံ့ရေးရေးကို ဘတ်ခ်ဟျွန်းနှာခေါင်းထဲ
လေပြေအဖြစ်နဲ့ယူဆောင်လာပေးရင်း ပင်လယ်ကြီးနှုတ်ခွန်းဆက်လာတယ်။ ထို့နောက် ကမ်းစပ်မှသည် ပင်လယ်ဆီကို ပြေးချည်သန်းချည်လုပ်နေတဲ့ ရေလှိုင်းတွေကပါ ကျောက်ဆောင်ဆီဝုန်းခနဲပြေးခတ်ရင်း ဘတ်ခ်ဟျွန်းကို ခရီးဦးကြိုလာကြတယ်။' ဟိုင်း ၊ ပင်လယ်ကြီး '
မျက်စိတစ်ဆုံးကြည့်လိုက်ရင် နေရာအနှံ့ ရေတွေအပြည့်လွှမ်းနေတယ်။ ပင်လယ်ဟာ မင်းမူကြီးစိုးနေတဲ့နတ်ဘုရားတစ်ပါးဆိုရင် ရေလှိုင်းတွေက အမိန့်ခံယူရတဲ့အမှုထမ်းတွေနဲ့တူတယ်။ တစ်ခဏတာ လှိုင်းလွန့်လူးလို့ ကမ်းစပ်သဲသောင်ဆီကို ထွက်ပြေးဖို့ကြိုးစားပေမယ့် အဆုံးသတ်မှာ ကျရေအဖြစ်သာ ပင်လယ်ဆီသို့ ဦးမညွှတ်တမ်း ပြန်ပြေးသွားကြရတယ်။ ကမ်းစပ်ကလည်း ဆွဲထားခွင့်မရှိဘူး ။ သူဟာ မြေပြင်အတွက်သာ အသုံးဝင်တယ်။ အကယ်၍ ကမ်းစပ်ကသာ ရေလှိုင်းတွေကို ထွေးပွေ့ထားခဲ့မယ်ဆိုရင် ရေလှိုင်းတွေရဲ့နေရာမဟုတ်တဲ့အတွက် ရေမြှုပ်အဖြစ်နဲ့ပျောက်ကွယ်သွားလိမ့်မယ်။
လှိုင်းတွေက ပင်လယ်အတွက်သာဖြစ်ပြီး ၊ကျယ်ပြန့်တဲ့ပင်လယ်နှင့်သာ သက်ဆိုင်တယ်။ ကမ်းစပ်ဆီ ခဏလာလည်တဲ့ဧည့်သည်ဖြစ်တယ်။ ရေလှိုင်းတွေရဲ့ နေရာအမှန်က ပင်လယ်ကြီးပဲ။ အစ်ကိုက ဒီရေလှိုင်းတွေလိုပဲ ဘတ်ခ်ဟျွန်းဘဝထဲ အလည်ရောက်လာခဲ့တာ။ ဘတ်ခ်ဟျွန်းနဲ့သာအတူရှိမနေရင် အစ်ကို့အတွက် ပိုကောင်းမယ့်ကိစ္စတွေရှိလာမှာပါ။
' မတွေးတော့ဘူးဆိုပြီး '
အရူးလိုမေ့ပစ်ဖို့ ခဏခဏရေရွတ်တယ်၊ ဒါပေမယ့် အကြောင်းအရာတွေအစချီပြန်လာတော့လည်း သူသည် ပြေးမလွတ်ပြန်ခဲ့ပါ။
' အစ်ကိုနဲ့ကျွန်တော် အတူလာဖို့ ဘယ်လောက်တောင် စိတ်ကူးယဥ်ခဲ့ရသလဲ၊ '
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်