DIARY -1-
' အဖေနောက်အိမ်ထောင်ပြုတော့မယ်တဲ့ ၊ အစ်မကတော့ တော်တော်လေးဒေါသထွက်နေတယ်၊ ငါကတော့ သဘောမကျတာလည်းမဟုတ်ပေမယ့် ကြိုက်တာလည်း မဟုတ်ဘူး ၊ ငါတို့နှစ်ယောက်လုံး မျက်နှာမကောင်းကြပေမယ့် ငိုတော့မငိုကြဘူး ၊ အင်းလေ အသက်ပဲ၁၄ရှိနေပြီ၊ ငိုနေစရာလား '
2006/06/06
ကောင်လေး၏မိသားစုအကြောင်း ချန်းယော်လ်မေးတိုင်း သေသေချာချာမဖြေခဲ့ပါ၊ ဝေ့လည်ကြောင်ပတ်လုပ်ကာ စကားလမ်းကြောင်း လွှဲသွားတတ်သည်။ ချန်းယော်လ်လည်း မိသားစုနှင့် ပတ်သတ်ပြီးမေ့ထားချင်စရာရှိသဖြင့် ဘယ်သောအခါမှလည်း ထိုစကားတို့ကို အစလုပ်၍ မမေးခဲ့ပါ ။
ကောင်လေးက အပြင်ပန်းကြည့်ရင် နုနုဖတ်ဖတ်နဲ့ စိတ်ပျော့တတ်တယ်ထင်ရတယ်။ အခုတော့ ကြည့်ဦး အသက်ကလေး၁၄ကို သူက တော်တော်ရင့်ကျက်နေသလို ။ ထို့နောက် ကိုယ်တိုင်နှင့်ပြန်ယှဉ်တွေးကြည့်သည်။ ချန်းယော်လ်လည်း အသက်၁၄နှစ်မှာ အမေနောက်အိမ်ထောင်ပြုသွားခဲ့တာပဲ။ ကောင်လေးနှင့်ယှဉ်တော့ ချန်းယော်လ်က ပို၍ကလေးဆန်သွား၏။ ချန်းယော်လ် အချိန်တစ်ပါတ်လောက်ကို ငိုကြွေးနေခဲ့တာ ။
သူများကိုယ်ရေးကိုယ်တာဒိုင်ယာရီမို့ ဖွင့်မဖတ်သင့်တာ ချန်းယော်လ် နားလည်သော်လည်း ကောင်လေးမပြောပြခဲ့သော သူ၏စိတ်ခံစားချက်အချို့ကို ချန်းယော်လ်သိချင်နေမိသေးသည်။ ကြည့်ရတာ စိတ်ထဲမထားနိူင်တော့မှ စာအဖြစ်နဲ့ အပြင်ဘက်ဆီဖွင့်ချတတ်ပုံရပါသည်။ ရေးထားတဲ့မှင်က အနည်းငယ်ပင်မွဲနေပြီ။ နောက်စာမျက်နှာတွေကို တဖျတ်ဖျတ်နှင့် အမြန်လှန်ကြည့်လိုက်သေးသည်။
' ဒါတွေကြောင့် အစ်ကို့ကိုပိုချစ်ပေးချင်ခဲ့တယ်၊ ပိုဂရုစိုက်ပေးချင်ခဲ့တယ် ၊ ပိုမြတ်နိူးပေးချင်ခဲ့တယ် '
ဒီစာကိုရေးထားတာတော့ မှင်ရောင်နဲ့ဆုံးဖြတ်ကြေးဆိုရင် သိပ်ကြာသေးပုံမရ၊ ထိုစာစုအနည်းငယ်အားတွေ့ရချိန်ခဏ ချန်းယော်လ်လက်တွေ နောက်စာမျက်နှာတစ်ရွက်ထပ်လှန်ဖို့ အင်အားကုန်ဆုံးသွား၏ ။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်