' အဆုတ်ကင်ဆာဖြစ်ဖို့ အစပျိုးနေတာပါ ၊ အရမ်းကြီး မပြင်းထန်သေးပေမယ့် ဂရုစိုက်ဖို့လိုပါတယ် '
ဆေးမှတ်တမ်းနှင့်အတူရရှိလာသော ဆရာဝန်၏မှတ်ချက် ။ ချန်းယော်လ် ပြုံးပဲပြုံးမိတယ်။ ဒီနှစ်တွေတည်း အထီးကျန်လွန်းမိတဲ့အချိန် ဖွာရှိုက်မိခဲ့တဲ့ဆေးလိပ်တွေကြောင့်ဆိုတာ ချန်းယော်လ်သိတယ် ၊ သို့ပေမယ့် အငယ်ကမတူ ။ ထိတ်လန့်သွားသောမျက်နှာပေးကို ချန်းယော်လ် အသေအချာမြင်လိုက်တယ် ။ နှုတ်ခမ်းပါးကိုခပ်စေ့စေ့ထားလို့ တည်ငြိမ်ဖို့ကြိုးစားပေမယ့် တဆတ်ဆတ်တုန်ရီချင်နေတာ ချန်းယော်လ်တွေ့နေရတယ် ။ ချန်းယော်လ် အငယ့်လက်တစ်ဖက်ကိုဆုပ်ကိုင်ပေးထားမိတယ်၊
အငယ့်လက်တွေအေးစက်နေလိုက်တာ ။' အဆင်ပြေသွားမှာပါနော် ဆရာ၊ ဆေးသောက်ရင်၊ ဆေးကုထုံးတွေသေချာလိုက်နာရင် အဆင်ပြေလာမှာပါနော် ၊ အစ်ကို သက်သာမှာပါနော် ဒေါက်တာ'
စိုးရိမ်ကြောင့်ကြနေတဲ့အငယ့်မျက်နှာသွင်ပြင်ကိုကြည့်လို့ ဆရာဝန်မျက်နှာမကောင်းပါ ။ အင်းလေ သက်သာလာတဲ့ ကင်ဆာရောဂါသည်က တစ်ရာမှာတစ်ယောက် ၊ ဒါတောင် ကံကောင်းလွန်းနေမှ ၊ ဒီလိုဖြစ်စဥ်တွေက ချန်းယော်လ်တို့ပတ်ဝန်းကျင်မှာ ကြားဖူးနေကျကိစ္စရပ်တွေ၊ အသက်ရှင်ကျန်ဖို့ဆိုတာ မျက်လှည့်ဆန်နေတယ် မဟုတ်ဘူးလား ၊
' ဆေးပညာတွေဆန်းသစ်နေတာပဲ ၊ အစ်ကို့ကို ကုပေးနိူင်ပါမှာ ၊ အင်း ကုပေးနိူင်မှာ ၊ အခုမှ အစပျိုးရုံလေ ၊ ဆေးနိူင်သွားရင် အစ်ကို အဆင်ပြေမှာပါ ၊ သက်သာမှာပါ '
ချန်းယော်လ် အငယ့်ကိုပဲငေးကြည့်နေမိတယ် ။ အငယ် သိပ်ကြောက်နေမှာပေါ့ ၊ ချန်းယော်လ်ကိုယ်တိုင်လည်း ကြောက်မိပါတယ် ။ ချန်းယော်လ် ကြောက်တာ သေရမှာမဟုတ်ဘူး ၊ အငယ့်အနားကနေ အစောကြီးထွက်သွားရမှာကို သိပ်ကြောက်နေမိတာ ။ ဆရာဝန်နဲ့ ချန်းယော်လ်အကြည့်ဆုံမိတော့
သဘောပေါက်တယ် ထင်ပါရဲ့ ။' ညွှန်ကြားမယ့်ဆေးတွေကို သေချာသောက်မယ် ၊ ကုထုံးတွေပုံမှန်လုပ်မယ်ဆိုရင် သက်သာလာမှာပါ '
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်