same mistake-6

3.4K 430 21
                                    

အမှန်တစ်ကယ်မျှော်လင့်ခဲ့တာ နွေးနွေးထွေးထွေးဆီးကြိုပေးမယ့်သူ့အပြုံး၊ နှုတ်ခမ်းပါးပါးကထွက်ကျလာမယ့် သသံယစကားတွေမဟုတ်ဘူး၊ နှုတ်ခမ်းပါးလေးလှသလောက် စွပ်စွဲချက်တွေက ရင်ဘတ်ကိုကျောက်ခဲတွေနှင့် ပစ်ပေါက်သလို အခံရခက်မှာ ချန်းယော်လ်သိသည်။

ထို့အတွက်ကြောင့် သူကပင်ဦးအောင် အော်ဟစ်မိသည်။ အမှန်အတိုင်းဝန်ခံရရင် ရှင်းပြရတာ၊ သသံယအဝင်ခံရတာတွေကို တစ်ကယ်ပင်ညီးညူစွာ စိတ်ကုန်ခမ်းနေမိပြီဖြစ်သည်။ ဘာလို့များ သူ့ဘက်ကို ဖြည့်မတွေးပေးတာလဲ ။ ကောင်လေးချစ်တာပဲမြင်တတ်ခဲ့တာလား။ ကောင်လေးကို သူ့အတွက်အတွေးပေးနိူင်ဆုံးလူလို့ ချန်းယော်လ်ထင်မိခဲ့တာ ။ သူရစ်တာကို ဘာလို့ဘယ်သူမှမမြင်နိူင်ခဲ့တာလဲ ။ ဘာလို့ သူကချည်း ကောင်လေးစိတ်ညစ်နေရမယ့် အကြောင်းအရင်းခံတစ်ခုချည်းဖြစ်နေရတော့တာလဲ ။ လက်ခုပ်ဆိုတာ ဘယ်လိုဖြစ်နေနေ တစ်ဖက်တည်းတီးလို့ အသံမထွက်ဘူးလေ ။

' ဘယ်မှလည်းသွားစရာမရှိပြန်ဘူး '

ချန်းယော်လ်အတွက်အဝတ်တစ်ထည်၊ကိုယ်တစ်ခုလို့ပြောရမယ့် အခြေအနေပဲ။ နောက်ဆုံး လက်ကိုင်ဖုန်းကလွဲရင် ပိုက်ဆံအိတ်တောင် ပါမလာခဲ့ဘူး။ ခရီးဆောင်အိတ်ထဲပစ်ထည့်ခဲ့တာမို့ လက်ဗလာဖြစ်နေပြီ။ တစ်ယောက်တည်း ယောင်လည်လည်နဲ့ လမ်းပဲဆက်လျှောက်နေမိတော့တယ်။

ချန်းယော်လ် ပင်ပန်းနေပြီ။ အိပ်ယာပေါ်မှာ ခြေဆန့်ပြီးအနားယူနေရမယ့်အချိန်ကို သူကတော့ လမ်းလယ်ခေါင်မှာ ခြေသလုံးအိမ်တိုင်လို လျှောက်နေမိတယ်။ သူတို့ကြားမှာ အချစ်တွေပဲရှိမယ် ထင်ခဲ့တယ်။ အချစ်တွေနဲ့ ချစ်မဝနိူင်ဖြစ်ခဲ့မယ် တွေးပြီးရူးဖူးတယ်။ ဘယ်လိုကနေဘယ်လို သူတို့ကြားမှာ သံသယတွေစလာခဲ့တာလဲ။ သူဘာတွေမှားခဲ့မိလို့လဲ၊ သူ ဘာတွေလုပ်ပေးဖို့ လိုအပ်သေးလဲ၊ လက်ရှိ သူပေးနေတဲ့အချစ်တွေက ကောင်လေးအတွက် ဘယ်နေရာခြွင်းချက်ဖြစ်နေသေးသလဲ။ ဘာကြောင့်လဲ ဘာအတွက်လဲ ဘာတွေဖြစ်ချင်နေသလဲ ။

အချစ်သိပ်ကြီး၊ အစွဲအလန်းမြတ်နိူးကြီးလွန်းတဲ့ ကောင်လေးအမှားလား။ ဒါကိုစိတ်အိုက်နေပြီဖြစ်တဲ့ ချန်းယော်လ်အမှားလား။ လက်သင့်ခံနိူင်သလောက် လက်ခံပေးခဲ့တာပဲ ။ ဒါကိုပဲ သူတို့ကြားက ယုံကြည်မှုက ဘယ်ဆီမှာများလဲ ။ ကောင်လေးယုံအောင်လည်း ချန်းယော်လ် ဒီထက်ပိုပြီးနေမပြတတ်တော့ဘူး။ ကြာလာရင် ကောင်လေးဆီက ချန်းယော်လ် ထွက်ပြေးမိတော့မယ်ထင်တယ် ။

same mistake <* C >Where stories live. Discover now