ချန်းယော်လ် အိမ်ကိုအစအဆုံးပြန်ပြင်ဆင်တယ်။ အိမ်အတွင်းခန်းလျှောက်လမ်းတွေကို တန်းတွေဆင်တယ်။ အတတ်နိုင်ဆုံး ထောင့်စွန်းတွေကို ရေပေါ်ထိုး၍ လုံးဝန်းတဲ့အနေအထားရအောင် လိုက်ပြုပြင်တယ် ။ အခန်းတံခါးကို အရှေ့အနောက်ပဲချန်လို့ ကျန်တဲ့အခန်းပေါက်တွေဖျက်ပစ်တယ်။ ကုတင်မထားတော့ပဲ ကြမ်းခင်းမှာပဲ အိပ်ယာခင်းအိအိထားလိုက်တယ် ။
ကျကွဲနိူင်မယ့်ဖန်ခွက်တွေအစား ဖိုင်ဘာပစ္စည်းလှလှတွေ အစားထိုးသုံးတယ် ။ မီးဖိုခန်းဗီရိုတွေရဲ့ အငယ်လက်လှမ်းမှီလောက်မယ့်နေရာမှာ ပစ္စည်းတွေ၊မုန့်တွေထားတယ် ။
အိမ်ရှေ့မှာရှိနေတဲ့အုတ်ခုံကိုဖျက်ပြီး အဝင်ပေါက်ကိုချဲ့တယ် ။ ပန်းခြံထဲမှာ အငယ်သဘောကျတဲ့ ဒန်းကိုသာချန်ထားပြီး ကျန်တဲ့ပန်းရုံတွေကို ဖယ်ရှားပစ်လိုက်တယ် ။
' အဟွတ် '
တစ်နေကုန် ဆေးလိပ်ခဲပြီး မစားမသောက်နဲ့ တကုပ်ကုပ်အလုပ်လုပ်နေတာမို့ ချန်းယော်လ် အာခြောက်လာပုံရတယ် ။ လက်ကျန်ဆေးလိပ်ကို လွင့်ပစ်လိုက်ပြီး ချောင်းတစ်ချက်ဟန့်လို့ သလိပ်ထွေးထုတ်လိုက်တယ် ။
အပင်တွေဆွဲနှုတ်ထားလို့မွစာကြဲနေတဲ့မြေစိုင်ခဲတစ်ခုအပေါ်မှာ အနီကျဲကျဲသွေးစတစ်ခုတင်ကျန်သွားတယ် ။ ချန်းယော်လ်ကတော့ သာမာန်ကာလျှံကာနဲ့ မမြင်ခဲ့တော့ပါ ။
................
အစအဆုံးပြန်ပြင်ရတာမို့ အိမ်ပြင်ချိန်က နှစ်ပါတ်ကျော်ကြာမြင့်သွားခဲ့တယ် ။ အိမ်ကိုအမြန်ပြီးချင်ဇောနဲ့ ကြားရက်တွေထဲမှာ ချန်းယော်လ် အငယ့်ကိုပင်သိပ်မတွေနိူင်ခဲ့ဘူး ။
' ငိုပြီးပြန်မလာခဲ့နဲ့ '
ဟိုထက်ပြောတော့ ဘတ်ခ်ဟျွန်းရယ်တယ်။ ထို့နောက် ဘတ်ခ်ဟျွန်း ဟိုထက်ကိုဖက်ထားမိတယ် ။
' အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် အစ်မ '
ဟိုထက်လည်း ဘတ်ခ်ဟျွန်းကျောလေးကို အသာပုတ်လို့ ပြုံးရုံသာပြုံးနေတော့တယ် ။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်