အစ်မဟိုထက် ကောင်တာမှာ ဆေးစာရင်းသွားထုတ်နေတာမို့ ဘတ်ခ်ဟျွန်းထိုင်စောင့်နေမိတယ်။ ပြီးရင် အစ်မကို မုန့်ပူဆာဖို့လည်းတွေးထားပြီးသား ။ ပုံမှန်အချိန် အချိုသိပ်မကြိုက်တဲ့ ဘတ်ခ်ဟျွန်းက နေမကောင်းဖြစ်ပြီဆို တခြားအာဟာရဖြည့် အစားအစာတွေထက်ပိုပြီး လီမွန်မာကာရွန်ကို ခံတွင်းတွေ့တယ်၊ ဒါပေမယ့် နှလုံးအခြေအနေကြောင့် အများဆုံးစားရလှ ၃ခုပဲ ။
' ဝါး ၊ ဦးဦးလက်က လှလိုက်တာ '
အစ်မကိုစောင့်ရင်း ဘတ်ခ်ဟျွန်း ဟိုဒီလျှောက်ငေးနေတုန်း ငါးနှစ်အရွယ်လောက်ရှိမဲ့ ကလေးတစ်ယောက် ဘတ်ခ်ဟျွန်းအနားလာဝင်ထိုင်တယ်။
' အားရီဂူး ဟုတ်လား '
' ဟုတ် '
ဘတ်ခ်ဟျွန်းပြုံးပြပြီး စကားကိုခပ်မြူမြူ ပြောလိုက်တော့ ကလေးက ရှေ့သွားနှစ်ချောင်း ပြတင်းလေဟပ်လေးနဲ့ အသံစာစာဖြေတယ်။
' ချစ်ဖို့ကောင်းလိုက်တာ ၊ နာမည်က ဘာလဲ '
ဘတ်ခ်ဟျွန်း ကလေးငယ်၏ပါးကိုဖွဖွညစ်ရင်း မေးလိုက်သည်။
' ဂျောင်မင်းပါ ၊ ဟောဂျောင်မင်း '
' ဟုတ်လား ၊ ဂျောင်မင်းလေးကို '
ဘတ်ခ်ဟျွန်း ကလေးကိုအသေချာသတိထား ကြည့်မိသည်။ ကလေးငယ်ငယ်ဖြစ်ပေမယ့် သွေးရောင်လွှမ်းနေရမယ့် နှုတ်ခမ်းတွေနေရာမှာ ဖြူဖျော့ဖျော့နှင့်သာ၊ ဝိုင်းစက်ကြည်တောက်နေရမည့်မျက်လုံးတွေက မျက်ကွင်းညိုတွေ။
' ဂျောင်မင်းလေးရေ ၊ အခန်းပြန်ရအောင် '
ကလေးငယ်က အနောက်ကိုလှည့်ကြည့်ပြီး
' မေမေ ခေါ်နေပြီ၊ တာတာ့ ဦးဦးလှလှ '
မိခင်ဖြစ်ပုံရတဲ့အမျိုးသမီးအသံကြားတော့ ကလေးက ဘတ်ခ်ဟျွန်းကိုနှုတ်ဆက်ပြီး ပြေးထွက်သွားတော့တယ်။ ကလေးသုံးသွားတဲ့အသုံးအနှုန်းကြောင့် ဘတ်ခ်ဟျွန်း ခစ်ခနဲရယ်မိသေးတယ်။
' တစ်ကယ်အပြစ်ကင်းစင်ကြတာပဲ '
ဘေးတိုက်လှမ်းမြင်နေရသေးတဲ့ ကလေးမျက်နှာက အပြုံးတွေဝေဆာလွန်း၏။ အင်းလေ၊ ကလေးတစ်ယောက်ရဲ့ကမ္ဘာဆိုတာ မေမေ့လက်ညိုးတစ်ချောင်းကို သူ့လက်သေးသေးတွေနဲ့အပြည့်ဆုပ်ကိုင်ထားရပြီး ပြုံးနေတဲ့မေမေ့မျက်နှာကို လှမ်းငေးရတဲ့အချိန်မဟုတ်လား ။ ဖြူစင်ကြတယ် ၊ အပြစ်ကင်းကြတယ် ။ ဘတ်ခ်ဟျွန်းဆီမှာ လောဘရှိဖူးခဲ့တယ် ။ ရယ်ချင်စရာဖြစ်ပေမယ့် အစ်ကိုနဲ့ဆင်တဲ့ကလေးငယ်လေး တစ်ယောက်ကို ကိုယ်တိုင်မွေးထုတ်ပေးချင်ခဲ့တယ်။ မဖြစ်နိူင်တဲ့ကိုယ့်ဘာသာအတွက် ကြိတ်ဝမ်းနည်းဖူးတယ် ။ ဆေးစာတမ်းတွေရှာဖွေဖတ်ပြီး ဘယ်လိုလုပ်ရင် သန္ဓေဆောင်နိူင်မလဲ၊ ဆေးရုံတွေသွားပြီး ဆွေးနွေးမှုခံယူမှုတွေယူမိတဲ့အထိ ကြိုးစားဖူးတယ်။ အစ်ကိုမသိအောင်ပေါ့ ။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်