same mistake -26

2.3K 335 11
                                    

' အစ်ကို '

ဘတ်ခ်ဟျွန်း တိုးတိုး​လေး​ခေါ်လိုက်တယ် ။

' အင်း အငယ် ၊ အစ်ကိုရှိတယ် '

ဘတ်ခ်ဟျွန်းလက်ကိုဖွဖွ​လေးဆုပ်ကိုင်လာတဲ့ ချန်း​ယော်လ်လက်အထိအ​တွေ့ကို ဘတ်ခ်ဟျွန်း အပြည့်အဝခံစားရတယ် ။

' အငယ် ဘာ​ပြောချင်လဲ ၊ အစ်ကိုနား​ထောင်​နေတယ် '

ဘတ်ခ်ဟျွန်းသ​ဘောကျရပါ​သော ချန်း​ယော်လ်၏​လေယူ​လေသိမ်းသည် ကြားရချိန်တိုင်း သိပ်နားဝင်ချိုလှပါသည် ။

' ဟင့်အင်း '

ဘတ်ခ်ဟျွန်း ရယ်ပြုံးမိ​နေပြန်ပါပြီ ၊

' ​ခေါ်ကြည့်တာ '

ဘတ်ခ်ဟျွန်းခန္ဓါကိုယ်​လေး ​​စွေ့ခနဲယမ်းသွားတယ် ၊ အစ်ကို့ရင်​ခွင်​နွေး​နွေးထဲမှာ ဘတ်ခ်ဟျွန်းကို အစ်ကို​ထွေး​ပွေ့ထား​ပေးရင် ဘတ်ခ်ဟျွန်း သိပ်ပြီး​ပျော်ရတယ် ၊ အစ်ကို့ရင်ခုန်သံ​တွေနား​ထောင်ရတာ ကြည်နူးမိတယ် ။

' အချိန်တိုင်း​ခေါ်လို့ရတယ် ၊ အငယ့်အနားမှာ အစ်ကိုအမြဲတမ်းရှိ​ပေး​နေမှာမို့လို့ ၊ အငယ်​ခေါ်ရင် ထူးဖို့အသင့်ပဲ '

ဘတ်ခ်ဟျွန်းနှုတ်ခမ်းထက်မှာလာခိုနားတဲ့ အစ်ကို့ရဲ့အကြင်နာအနမ်းတစ်ပွင့်​ ၊

' အမြဲတမ်းရှိ​နေ​ပေးမှာ '

ဘတ်ခ်ဟျွန်း တီးတိုး​ရေရွတ်မိတယ် ၊ အစ်ကို့ခါးကိုလွတ်ထွတ်သွားမှာစိုးသည့်သ​ယောင် သိမ်းကြုံးဖက်ထားမိတယ် ။

' အစ်ကိုထားသွားရင် အငယ်စိတ်ဆိုးမှာ '

ဘတ်ခ်ဟျွန်းနဖူး​ပေါ်​မှာ အစ်ကို့ရဲ့ခပ်​နွေး​နွေးအနမ်း

' အစ်ကို အငယ့်​ဘေးမှာမရှိခဲ့တဲ့အချိန်​တွေအတွက် ကျွန်​​တော့်အနားက​​နေ တစ်ဖဝါးမှမခွာပဲ​နေ​ပေးပါ ၊ အစ်ကိုက ပိုချစ်​ပေးပါ ၊ အစ်ကိုက ပိုဂရုစိုက်ပါ ၊ အစ်ကိုက ပိုကြင်နာ​ပေးပါ ။ ချစ်ရတဲ့သူဆီက ချစ်​နေမှန်းသိတာ​တောင် ပိုအချစ်ခံချင်တယ် ၊ ဂရုစိုက်​နေမှန်းသိရင်လည်း ဆတိုးပြီးဂရုစိုက်တာခံချင်တယ် ၊ ကြင်နာမှန်းသိလည်း ပိုလို့ပိုလို့အကြင်နာ​တွေရချင်မိပါတယ် အစ်ကို '

same mistake <* C >Where stories live. Discover now