ဘတ်ခ်ဟျွန်းအတွက်တော့ ဆေးရုံပေါ်မှာနေရတာ တော်တော်ငြီးငွေ့ဖို့ကောင်းတယ်၊ ဆေးနံ့တွေကိုလည်းစိတ်ကုန်တယ်၊ ခဏခဏ ဆေးထိုးဆေးသောက်လုပ်နေရတာလည်း စိတ်ကုန်တယ်၊ လူတစ်ယောက်အနားမှာရှိပြီးမှ ကိုယ့်ဝေယျာဝိစ္စတွေကိုလုပ်ပေးနေတာကိုလည်း စိတ်ကုန်နေမိတယ်။ နောက်ဆုံး အစ်မဟိုထက်ကို ဒုက္ခပေးနေသလိုဖြစ်နေတဲ့ ကိုယ့်ဘာသာ စိတ်ကုန်နေပြီ ။
အစ်မဟိုထက် ဘတ်ခ်ဟျွန်းအတွက် လိုအပ်တာတွေယူဖို့ အိမ်ခဏပြန်သွားတယ်။ အစ်မရှိနေရင် သိသာတယ်။ ဘတ်ခ်ဟျွန်းပျင်းမှာစိုး၊တခြားအတွေးတွေ လျှောက်စဉ်းစားနေမှာစိုးတယ်တူပါတယ်၊ ဟာသတွေပြော၊ငယ်ငယ်ကအကြောင်းတွေ ပြောလိုက်နဲ့ ဘတ်ခ်ဟျွန်းကိုရယ်မောစေတယ်။ အစ်မဟိုထက် ဘတ်ခ်ဟျွန်းအပေါ် ပိုပိုကောင်းလေလေ ဘတ်ခ်ဟျွန်းရင်ထဲ အားနာဝမ်းနည်းခြင်းတို့ အတိုင်းသား ဖြစ်တည်နေရသည်။
အစ်မက မေ့ပစ်လိုက်ဖို့ မကြာခဏနားချပေမယ့် အမှားကျူးလွန်ထားသူအတွက်တော့ ဘယ်လွယ်ကူမလဲ ။ သက်ပြင်းတစ်ခါချလို့ အခွန်တစ်ခါကောက်ကြေးသာဆိုရင် ဘတ်ခ်ဟျွန်း အခွန်တွေကုဋေကုဍာရှိနေနိုင်တယ်။
တစ်ယောက်တည်း ဆေးရုံခန်းထဲနေရတာ မွန်းကြပ်လာတယ် ။ ညနေခင်းဆိုတော့ အပြင်ခဏပဲဖြစ်ဖြစ် လမ်းလျှောက်ထွက်ဖို့ တွေးမိတယ်။ ဆေးရုံလျှောက်လမ်းကို ဖြတ်ရတော့ လူနာတွေ၊ဆရာဝန်တွေက စိတ်ပိုရှုပ်စရာဖြစ်လာတယ်။ အခန်းထဲနေနေရင် အကောင်းသားဟုတွေးမိ၏ ။ ထို့နောက်
ဘတ်ခ်ဟျွန်းအတွက် စိတ်အရှင်းဆုံးဖြစ်မယ့် နေရာကိုစဉ်းစားမိတယ်။ဆေးရုံအပေါ်ဆုံးထပ်ကို ဖြည်းဖြည်းချင်း ဘတ်ခ်ဟျွန်းတက်လာခဲ့တယ်။ တိုက်ဘောင်ပေါ် ခြေတွဲချထိုင်မိတယ်။ အပေါ်စီးက မြင်နေရတယ်၊ သစ်ပင်အုပ်အုပ်တွေ၊ လူတွေ၊ ကားတွေ၊ အရာအားလုံးက တစ်ကယ်အသေးအမွှားတွေ၊ ဒါပေမယ့် သူတို့တွေက လူတစ်ဦးတစ်ယောက်စီအတွက်တော့ တစ်နေရာရာကနေ အရေးပါအရာရောက်တယ်။
ဘတ်ခ်မျက်နှာကို နေထိုးနေတယ်။ လက်ဖဝါးဖြန့်ကာပြန်တော့ နေအစက်ပျောက်တွေ ဘတ်ခ်ဟျွန်းလက်ကြားထဲ ဟိုကွက်ဒီကွက်ထွက်နေတုန်းပါပဲ ။
နေလာရာ ကောင်းကင်ကို ဘတ်ခ်ဟျွန်း ကြည့်မိနေတယ်။ တိမ်ဖြူဖြူတွေ တလိပ်လိပ်နေရာယူထားတဲ့ကောင်းကင်ပြင်သည် ဘတ်ခ်ဟျွန်းအတွက် နည်းနည်းတော့ အသက်ရှုချောင်စရာဖြစ်နေသေးလို့ တော်ပါသေးတယ်။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်