DIARY-2-
' အဖေကပြောတယ်၊ မနက်ဖြန် မေမေအသစ်နဲ့ မိတ်ဆက်ပေးမယ်တဲ့ ၊ တွေ့လည်းတွေ့ချင်မိပြီး မတွေ့လည်းမတွေ့ချင်ပြန်ဘူး ၊ ဘယ်လိုလုပ်ရမလဲ '
2006/06/20
............................
'မလိုက်ဘူးလား အစ်မ '
' နင်ပဲသွား၊ ငါတော့ ဒေါသထွက်လွန်းလို့ '
' ပြီးတာပဲ ၊ '
ဘတ်ခ်ဟျွန်းက အိမ်မှာအငယ်ဆုံးဖြစ်နေလို့ တခြားထွေထွေထူးထူး စောဒကမတက်ချင်ဘူး၊ ကိုယ့်နေရာကိုယ်နေတာ အကောင်းဆုံးလို့ပဲ တွေးထားတယ်။
' သမီးဟိုထက်က အခုထိဘာမှလည်း မပြင်ဆင်ထားပါလား '
အစ်မက ဘာမှမပြောဘူး၊ ဒီအတိုင်း အိမ်ပေါ်ပြန်တက်သွားတယ်။ ဒါပေမယ့် မျက်စောင်းထိုးကြည့်သွားတဲ့ အစ်မကိုတော့ အဖေကောင်းကောင်း သဘောပေါက်မှာပါ။
အဖေလည်း ဘာမှမပြောပေမယ့် စိတ်မကောင်းဖြစ်နေတာ ဘတ်ခ်ဟျွန်းမြင်နေရတယ်။
' ဒါဆို အဖေနဲ့သားပဲသွားကြရအောင် ၊ သားတော့ လိုက်ခဲ့မယ်မလား '
' ဟုတ်ကဲ့ ၊ ကျွန်တော်လိုက်မှာပါ '
အဝတ်အစားသစ်သစ်လွင်လွင်၊ စတိုင်ကျော့ကျော့နဲ့အဖေကတော့ သိပ်ပျော်သွားပုံရတယ်လို့ ဘတ်ခ်ဟျွန်း အကဲခတ်မိလိုက်တယ်။ အင်းလေ မေမေဆုံးသွားတာဖြင့် ဘတ်ခ်ဟျွန်းတို့လူမမည်ထဲကဆိုတော့ ဒီအချိန်မှ နောက်ထပ်လက်တွဲဖော်ရှာတာ မလွန်လောက်တော့ပါဘူး ။ ဘတ်ခ်ဟျွန်းက ယောကျၤားလေးဖြစ်နေလို့ပဲလား ၊ ရိုးရိုးပုံမှန်နဲ့ ဘာမှမပြောပေမယ့်၊ အစ်မကတော့ လုံးဝသဘောကျပုံမရဘူး။ မိန်းကလေးဆိုတော့ စိတ်က တစ်ခုခုကိုနေသားကျဖို့ဆို ခက်ခဲတာဖြစ်မယ်။ ပြီးတော့ မမက ငယ်ကတည်းက အဖေ့ထက်ပိုပြီး မေမေ့ကိုချစ်တယ်။ ဒီတော့ ပိုသည်းခံရခက်မှာပဲ။
ဘတ်ခ်ဟျွန်း အစ်မစိတ်ကိုနားလည်သလို အဖေ့ကိုလည်း အပြစ်မမြင်ဘူး။ အရာအားလုံးက အကျိုးရှိလို့ အကြောင်းသင့်ဖြစ်လာကြတာပဲ မဟုတ်လား ။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်