ချန်းယော်လ် အိမ်မှသည် ဒေါသထွက်ထွက်နှင့် ထွက်လာခဲ့လိုက်သည်။ သူသိ၏ ၊ သူနားလည်၏၊ ဒီကိစ္စဟာ ဤမျှအထိ စိတ်တိုဖို့မသင့်တာ။ သို့ပေမယ့် သည်တစ်ကြိမ်တွင်လည်း သူသာအလျှော့ပေးခဲ့ရင် ကောင်လေးသည် ဒုတိယတစ်ခါ၊တတိယတစ်ခါနှင့် ထပ်၍အကြိမ်ပေါင်းများစွာရှိလာတော့မည်။
!! ကျွီ !!
အတွေးလွန်နေသောချန်းယော်လ် မီးနီနေသည်ကို မတွေ့လိုက်။ ဘရိတ်ကိုမြန်မြန်အုပ်လိုက်တော့ ကျန်နေသေးသည့်အရှိန်ကြောင့် ကားသည် တန့်ခနဲရပ်သွားပေမယ့် ချန်းယော်လ်နဖူးနှင့် ကားစတီယာတိုင်ဆောင့်မိတော့သည်။
' ဟာကွာ '
ချန်းယော်လ် တောက်ခနဲခေါက်ပြီး ကိုယ့်ဘာသာအော်ဟစ်လိုက်သည်။ သူ ဘယ်တုန်းကမှမထင်ခဲ့ဖူးပါ ၊ ကောင်လေးသည် သူ၏စိတ်တိုဒေါသထွက်စရာ အကြောင်းအရာဖြစ်လာလိမ့်မည်ဟုပင် ။
......................
နေ့လည်ခင်းအစည်းအဝေးပြီးချိန် ချန်းယော်လ် လက်ကိုင်ဖုန်းကိုစစ်ဆေးလိုက်သည်။ ထုံးစံအတိုင်းပင် အနီရောင်မစ်ကော်လ်များ ပြည့်နေလျက်။ ချန်းယော်လ်ဖုန်းကို စားပွဲပေါ်ပစ်တင်ထားလိုက်သည်။ ထိုင်ခုံပေါ် မှီထိုင်ချလိုက်ပြီး မျက်လုံးများကို ခဏမှိတ်ထားမိသည်။ အတွေးထဲရောက်လာသည်က ကောင်လေး၏ ညိုးငယ်နေလောက်သည့်မျက်နှာ ၊
' မဖြစ်သေးပါဘူး '
စိတ်မာမာထားပြီး ဒီအတွေးကို ဖျောက်ထားပစ်ချင်သည်။ ချန်းယော်လ် ဒီလောက်အထိလည်း စိတ်မခိုင်ပြန် ။ စားပွဲပေါ်ကဖုန်းကိုလှမ်းယူပြီး ကောင်လေးနံပါတ်ကိုခေါ်လိုက်သည်။
' အင်း အစ်ကို '
လေသံတိုးတိုးလေးကြားလိုက်ချိန်တော့ ချန်းယော်လ်တင်းထားသမျှစိတ်တို့ လျော့ပြယ်သွားတော့သည်။
' ဟျွန်းငယ် မနက်က ကိုယ် '
' အစ်ကို ကျွန်တော့်ကိုစိတ်ဆိုးနေသေးလား '
ကြားဖြတ်ပြောလာသော ကောင်လေး၏စကားက အမှန်ကိုထောက်ပြနေသည်မို့ ချန်းယော်လ် တိတ်တိတ်နေပြီးဝန်ခံလိုက်သည်။ ကောင်လေးမှလည်း တိတ်ဆိတ်နေပြန်၏။
YOU ARE READING
same mistake <* C >
Fanfictionထပ်တူညီတဲ့အမှားကို ကျွန်တော်တို့၂ယောက်လုံး မှားခဲ့မိတယ်