Part 1

30.8K 846 12
                                    


မခွဲအတူ

Part 1

" Wangလေး...Wangလေး "

" ကိုကိုလား "

Xiao Zhan! Wangလေးနားသွားပြီး Wangလေး လက်ကိုကိုင်လိုက်သည်။

" ကိုကိုပါ

" ကိုကို ကျွန်တော့်ဗိုက်ဆာတယ် "

"ကျွေးမှာပေါ့ ခဏစောင့်နော် ကိုကိုအလုပ်က ပြန်လာတာနောက်ကျသွားတယ် "

Xiao Zhan ပန်းကန်ထဲသို့ ခေါက်ဆွဲထည့်လိုက်ပြီး ကလေးကို ခွံကျွေးလိုက်သည်။

" ကိုကိုရောစားနေလား "

" စားတာပေါ့ ကလေးရဲ့စားတာပေါ့ "

Xiao Zhan ကလေးလေးကို
ကျွေးလိုက်ပြီး တစ်ခါတည်းပွေ့ချီပြီး ကုတင်ပေါ်လှဲစေလိုက်သည်။

" ကိုကို..ဘယ်မှာလဲ "

" အနားမှာလေ ကလေးလေးရဲ့ "

" ဒီနေ့အိမ်ပိုင်ရှင် လာသွားတယ် အခန်းခတောင်းတယ် သူတို့ပြောတာ ကိုကိုမပေးတာ သုံးလစာတောင် ရှီပြီတဲ့ ကိုကိုပိုက်ဆံမရှီဘူးလားဟင် "

" ရှီပါတယ် ကိုကိုမပေးရသေးတာ ဒီတစ်လပဲရှီပါသေးတယ် အဲ့ဒါလည်း ကိုကိုမေ့သွားလို့ပါ ကလေးလေးရဲ့ "

" ဟုတ်ကဲ့ "

ကလေးလေးသီချင်းဆိုရင်း အိပ်ပျော်သွားသည် Xiao Zhan ပိုက်ဆံအိတ်ထဲ ပိုက်ဆံဘယ်လောက်မှ မရှီတော့ဘူး အခန်းခ ကလေးဆေးဖိုးနဲ့ သက်ပြင်းချနေမိသည်။

🏠🏠🏠🏠🏠

" Xiao Zhan! အလုပ်သွားရအောင် "

" အင်း "

   ရေချိုးခန်းထဲက ကလေးသီချင်းဆိုရင်း ရေချိုးနေသည် ကလေးကို မြန်မြန်ချိုးခိုင်းလိုက်ပြီး အဝတ်အစားလဲပေးလိုက်သည်။

" ကိုကို စောစောပြန်လာမယ်နော် "

" ဟုတ်ကဲ့ "

စားသောက်ဆိုင်ရောက်ဖို့ လမ်းမြန်မြန်လျှောက်နေတုန်း Yu Binက

" ဆိုင်မှာ ယောက်ကျားလေး ဂီတာတီးအဆိုတော်
လိုနေတယ် Yiboကို လုပ်ခိုင်းပါ့လား "

" မင်းဘာစကားပြောတာလဲ
ကလေးကိုအဲ့လိုအလုပ်မျိုး မခိုင်းဘူး "

" အဲ့ဒါဆို မင်းအိမ်လစာနဲ့ ကလေးဆေးဖိုး..မင်းကျောင်းစရိတ် ဘယ်လိုလုပ်မှာလဲ မင်းတစ်ယောက်တည်းအင်အားနဲ့ ဘယ်လိုမှမရဘူး Yiboက အဆိုကောင်းတယ် "

"ငါ့..."

" ဘာ ငါ့..ငါလုပ်နေတာလဲ ကောင်လေးမိဘကြောင့် မင်းမိဘနှစ်ပါးလုံးဆုံးလို့ကောင်လေးကို မင်းခိုးလာတာ မဟုတ်လား အခုကောင်လေးအရွယ်ရောက်နေပြီ မင်းပြန်ခိုင်းစားသင့်ပြီး အဲ့ဒါမှ မင်းမိဘအတွက်ကလဲ့စားချေရာ ရောက်မှာပေါ့ ဘယ်ချိန်ထိ သူကို မင်းဖူးဖူးမှူတ်ထားမှာလဲ "

Yu Bin ပြောတာမှန်နေတာမို့သူငြိမ်နေလိုက်သည်

" ဆိုင်မန်နေဂျာကို ငါပြောလိုက်မယ် Xiao Zhan! "

" အင်း "

စားဝတ်နေရေးခက်ခဲတာတော့ အမှန်ပဲ
ကျွန်တော် ကလေးကိုမတက်သာပဲ
ခိုင်းစားရတော့မှာပဲ

♥♥♥ Part 1 အမြည်းလာကျွေးတာ♥♥♥

❤️❤️❤️❤️❤️❤️


❤️❤️❤️❤️❤️❤️

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
မခွဲအတူ Where stories live. Discover now