Part 39
" ဘာ!..သားလေးမရှီတော့ဘူး မဟုတ်လား "
Xiao Zhan သူလက်ထဲကစာကို
ဦးလေးဝမ်ကိုပေးလိုက်သည်။" သားလေးရယ်..."
"သားလေးဘာဖြစ်လို့လဲ "
ဒေါ်ချန်းလဲသူ့ယောက်ကျားဆီကစာကို ဆွဲယူပြီးဖတ်လိုက်သည် မင်ဖုန်လည်းသူ့မာမားနဲ့အတူ
လိုက်ဖတ်ရင်း" ညီလေးဘယ်သွားတာလဲ "
" အဲ့ဒါရှင့်ကြောင့်!!...ရှင်ကြောင့်...အဟင့်...ဟင့် "
ဒေါ်ချန်းလဲ့သူယောက်ကျားကိုထုပြီး ဆိုဖာပေါ်မှာထိုင်ချကာ ငိုကျွေးလိုက်သည်။
" တောင်းပန်ပါတယ်..တောင်းပန်ပါတယ်ကွာ "
ဥက္ကဋ္ဌဝမ် Xiao Zhanလက်ကိုကိုင်ပြီး
တောင်းပန်စကားဆိုလိုက်သည်။" ကျွန်တော့်က Yiboကိုခိုးသွားတဲ့သူဆိုတာ Uncleတို့သိနေတယ် "
" ငါ့အမှားပါ..ငါညီကိုမဆုံးချင်တာနဲ့ မင်းရဲ့နောက်ကျောင်းကို စုံစမ်းခဲ့တယ် ငါ့ကိုခွင့်လွှတ်ပါ ငါအမှားပါ "
မင်ဖုန် Xiao Zhanကိုပြောလိုက်သည်။
" ကျွန်တော့်ဆရာဝန်ဖြစ်ပြီး လူနာနဲ့လူနာမိသားစုအခြေအနေကို သိရှီခဲ့ရပါတယ်။ အဲ့တုန်းက ဦးလေးအတွက် ဦးလေးသားပဲ အရေးကြီးခဲ့တယ်ဆိုတာ ကျွန်တော့်နားလည်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုသိနေတဲ့ အချိန်တော့ ကျွန်တော့်ကိုပြောပြသင့်တယ် "
" ပြောပြပြီးတောင်းပန်ချင်ခဲ့တာပါ
သားငယ်ကြောင့်...သားငယ်ကြောင့်ပါ "" Yiboကြောင့်ပြောပြခဲ့သင့်တာ အခုတော့ဘာမှအပြစ်မရှီတဲ့ကလေးက ခံစားရဆုံးဖြစ်နေရပြီ။
သူစိတ်ထဲဘာတွေခံစားနေရလဲ ကျွန်တော့်သာသိခဲ့ရင် ဒီလိုအခြေအနေမျိုး ဖြစ်ခဲ့မှာမဟုတ်ဘူး "" အားလုံးဦးအပြစ်တွေပါ "
" ကျွန်တော့် Yiboကိုလိုက်ရှာမယ် တကယ်လို့ Yiboနေရာကိုသိခဲ့ရင် ကျွန်တော့်ကိုပြောပြပါ ဘယ်သူ့မှသူဆီမသွားပဲ ကျွန်တော့်ကိုပဲပြောပြပေးပါ "
ကလေးမိသားစုကို Xiao Zhanပြောပြခဲ့ပြီး
ထွက်လာခဲ့သည်။🏠🏠🏠🏠