Part 2

10.9K 656 8
                                    


Part 2

    Xiao Zhan စားသောက်ဆိုင်ကယူလာတဲ့ ခေါက်ဆွဲကြော်ကို ကလေးကို ကြွေးရတာ
စိတ်မကောင်းပေ ကလေးကတော့
ဘာမှမမြင် ဘာမှမသိရှာပဲ ကျွေးတာကိုပဲ စားနေရရှာသည်။

" အားယွမ်က ဝမ်လေးကို နေ့လယ်စာ
လာကျွေးလား "

" ​ကျွေးတယ်ကိုကို..အားယွမ်ကျောင်းမတက်ရတော့တာ အစ်ကို Yu Bin အဆင်မပြေလိုဆို "

" အင်း "

" အစ်ကို Yu Binအဆင်မပြင်ရင်
ကိုကိုလည်းအဆင်မပြေဘူး မဟုတ်လား "

" ဟင်.."

" ကိုကိုတို့က အလုပ်တူတူလုပ်တာလေ "

" ဘာလို့အဲ့တာတွေမေးနေရတာလဲ
အစာစားပြီး အိပ်တော့ "

" ဟုတ်ကဲ့ ကိုကို "

Yibo အိပ်ရာပေါ်လှဲလိုက်ပြီး

" ကိုကို ကျွန်တော်တို့က ဆင်းရဲတယ်
မဟုတ်လား "

" အင်း "

"ကျွန်တော်အလုပ်လုပ်ချင်တယ် "

    ကလေးစကားကို ကျွန်တော့် မတုန့်ပြန်မိပါဘူး မနက်ဖြန်..မနက်ဖြန်ကျရင် အဆင်ပြေသွားမှာပါ "

🏤🏤🏤🏤

" ငါ့က မန်နေဂျာကိုပြောထားရတာ မင်းကဘာလို့ ကောင်လေးကိုခေါ်မလာတာလဲ "

Yu Binက ကလေးပါမလာလို့
ပွစိပွစိပြောနေသည်။

" ငါ့စိုးရိမ်လို့ "

"ဘာကိုစိုးရိမ်တာလဲ "

" ငါ့ကလေးကိုခေါ်လာကတည်းက အိမ်အပြင်ကိုတစ်ခါမှ ပေးမထွက်ဖူးဘူး အခုအပြင်ထွက်ခိုင်းပြီးအလုပ်လုပ်ခိုင်းမယ်ဆိုတော့ သူမိဘတွေ တွေ့သွားရင် ဘယ်လိုလုပ်မလဲ "

" Xiao Zhan!.. မင်းစိတ်ပူလွန်းတာလား
အတွေးကြောင်သွားတာလား ကောင်လေးကို
မင်းခေါ်လာတုန်းက ကောင်လေး
အသက်ဘယ်လောက်ရှီပြီလဲ "

" ရှစ်နှစ်ကိုးနှစ်လောက်တော့ ရှီမှာပေါ့ "

" အခုကောင်လေးအသက်က 16နှစ်ကျော်ပြီ
ဘယ်လိုလုပ်ကောင်လေးမိဘတွေက
ကောင်လေးကို မှတ်မိမှာလဲ "

" ကောင်လေးရင်ဘက်မှာ အမှတ်နီရှီတယ်လေ
အဲ့တာကိုတွေ့ရင်မှတ်မိနိုင်တယ်လေ "

မခွဲအတူ Where stories live. Discover now