Part 9

7.8K 608 15
                                    


Part 9

" ပါးပါး "

Yibo နိုးနိုးချင်း ပါးပါးကိုတွေ့တာနဲ့ဖက်လိုက်သည်။

" သားလေး ဖြေးဖြေး "

" မားကိုမြင်ရသားနဲ့ ပါးပါးကိုအရင်ဖက်တယ်ပေါ့ ဟုတ်လား"

Yibo ပြုံးပြီးမားကို ဖက်လိုက်သည်။

" ကိုကို? "

" သားကိုကိုက လာတော့မှာပါ
သားကိုကို့ကိုလွမ်းလို့လား "

Yibo ခေါင်းရမ်းလိုက်ပြီး

" ကျွန်တော့်ကို ကြည့်ပေးတဲ့ ဆရာဝန်က
ကိုကိုနဲ့တူတယ် "

" ဟင်..ဟုတ်လို့လား သားလေးရဲ့ ဘယ်လိုလုပ် တူနိုင်မှာလဲ "

Yibo ပါပါးလက်ကိုကိုင်ပြီး ပြန်လှဲလိုက်သည်။ Yibo ငယ်ငယ်ကတည်းက ပါပါးက တစ်ခြားအဖေတွေနဲ့မတူပဲ သူကိုမိခင်လို့မျိုးရော အရိပ်တကြည်ကြည်နဲ့ ကြည့်တဲ့ ပါပါးဖြစ်သည် သူအတွက်တော့ ပါပါပါးက အရမ်းနွေးထွေးပြီး ကြင်နာတက်တဲ့သူဖြစ်သည်။ အစောနတွေ့ရတဲ့ ဆရာဝန်ကိုလည်း
အဲ့လိုထပ်တူခံစားရသည်။

" သားလေး ဘာစားချင်လဲ  "

Yibo ခေါင်းရမ်းလိုက်ပြီး

"ပါပါးအစောန ကျွန်တော့်ကို ကုတဲ့ဆရာဝန်ကလေ "

" အင်း သားလေး  "

" ကျွန်တော့်ကို ကြည့်တဲအကြည့်က 
ပါပါး ကျွန်တော့်ကို ကြည့်တဲ့အကြည့်မျိုးပဲ "

" ဟင်"

"  အရမ်း စိတ်ပူတဲ့အကြည့်မျိုးပဲ 
နွေးထွေးတယ် ကြင်နာတက်တဲ့သူပဲ  "

  သားလေးက နိုးလာလာချင်း ဒီဒေါက်တာအကြောင်းကိုပဲ ပြောနေသည်။

" ဘယ်သူလဲ "

  သခင်မကြီးက မန်နေဂျာကိုမေးလိုက်သည်

" Yibo ဆေးရုံရောက်ရောက်ခြင်း ဘာဖြစ်တယ်ဆိုတာ တန်းသိပြီး ကုပေးလိုက်တာပဲ ..ကျွန်တော် ဒေါက်တာနာမည်တော့ မမေးလိုက်ရဘူး "

ဝမ်ရီဖုန့်သားလေးအတွက် စိတ်ပူကာ ဆေးရုံအုပ်ကြီးကို တွေ့ဖို့ထွက်လာလိုက်သည်။

♥♥🏢♥♥♥🏢

ဆေးရုံအုပ်ကြီးက ဆရာဝန်တွေ ခေါ်တယ်ဆိုလို့ရုံးခန်းထဲ ဝင်လာတော့

မခွဲအတူ Where stories live. Discover now