Part 31
" အဲ့ကလေးက Xiao Zhanလား "
" သေချာပါတယ် ပါးပါး "
" သားငယ်နဲ့ ချန်းလဲ့မသိစေနဲ့ "
မထင်မှတ်တဲ့ပါးပါးစကားကြောင့်
ဝမ်မင်ဖုန့်အံသြသွားသည်။" ဘာဖြစ်လို့ မားကိုဖုန်းကွယ်ရမှာလဲ ပါးပါး
အဲ့ဒေါက်တာက ညီကိုခိုးသွားတဲ့သူ မားအကြာကြီးစိတ်သောကရောက်အောင်လုပ်တဲ့လူလေ "" ပါးပါးအပြစ်ပါ
အဲ့ကလေးအပြစ်မဟုတ်ပါဘူး "" ပါပါး! "
"ပါပါးနဲ့တဖတ်ကား ခေါင်းခြင်းဆိုင်တိုက်မှုကြောင့် အဲ့ကလေးမိဘအပြင်းအထန်ဒဏ်ရာရခဲ့တယ် "
" ဒါက မတော်တဆမှုပါ ပါးပါး "
" မတော်တဆဆိုတာမှန်ပေမဲ့ သတိလက်လွှတ်ဖြစ်ခဲ့တာ ပါပါးပါ သားငယ်ကိုလှည့်ကြည့်ပြီး
စကားခဏခဏပြောနေခဲ့တာ ပိုပြီးဆိုးတဲ့အပြစ်က ဆေးရုံမှာ ဆရာဝန်က ဒဏ်ရာပြင်းထန်ပြီး ဝေဒနာခံစားရတဲ့ အဲ့ကောင်လေးမိဘတွေကို အရင်ကုချင်နေပေမဲ့ ပါပါးက သားလေးကို
အရင်ကြည့်ခိုင်းခဲ့တာ သူတို့ကိုဂရုမစိုက်ခဲ့ပဲ
ပါပါးသားလေးကိုပဲ အရင်ကြည့်ခိုင်းခဲ့တာ
ဆရာဝန်တွေကို ပါပါးခြိမ်းခြောက်ခဲ့တာ
ပါပါးမျက်လုံးထဲမှာ သားငယ်ကလွှဲပြီး ဘယ်သူ့မှအရေးမကြီးခဲ့ဘူး သူမိဘဆုံးတော့ သူငိုလိုက်တာ အဲ့မြင်ကွင်းမြင်ပြီး ပါပါးနောင်တရခဲ့တယ် အခုထိ
အဲ့ဒီတုန်းက သူငိုကြွေးနေတဲ့ ရှိုက်သံတွေကို
မေ့မရခဲ့ဘူး "" ဗျာ!.."
ဝမ်မင်ဖုန့် ဘာစကားမှပြောမထွက်နိုင်ပဲ
မှင်တက်သွားသည်။ ပါပါးက သေခံနီးလူကို လျစ်လျူရှုခဲ့တယ်တဲ့လား" အဲ့ဒါကြောင့် ဒီအဖြစ်မှန်ကို သားညီလေးမသိပါစေနဲ့ သူသိရင် ပါပါးကိုအရမ်းမုန်းမှာသေချာတယ်
အဲ့ကောင်လေးလည်း သိရင် ပါပါးကိုဘယ်လောက်တောင်မုန်းနေလိုက်မလဲ "" ဒါပေမဲ့ သူ့လက်စားချေပြီးသွားပါပြီ ပါပါး "
" ငယ်ငယ်လေးနဲ့ မိဘနှစ်ပါးလုံး သူရှေ့မှာဆုံးသွားတာကို သူဘယ်လိုအင်အားနဲ့ ခံစားခဲ့ရမလဲ ပါပါးနားလည်ပါတယ် သူအဲ့လောက်တော့လုပ်မှာပေါ့ "