Part 13
Xiao Zhan နိုးနိုးချင်းခေါင်းကိုက်လာတာနဲ့
ရေချိုးခန်းဝင်ကာ ရေပန်းဖွင့်ကာ ရေစိမ်လိုက်သည်။" ကျစ် ငါရူးသွားပြီး မရူးရင် ကိုယ့်လူနာရှေ့
ဒီလောက်သောက်မှာ မဟုတ်ဘူး "Xiao Zhan ရေမြန်မြန်ချိုးပြီး အဝတ်အစားဝတ်လိုက်သည်။
" Yibo!...ယင်းရှောင်! "
သူအခန်းပြင်ကထွက်ပြီး တစ်အိမ်လုံးလိုက်ရှာကြည့်တော့ လူတစ်ယောက်မှ မတွေ့ပေ ထမင်းစားခန်းထဲဝင်ပြီး စားပွဲပေါ်က အုပ်ဆောင်းကို လှပ်လိုက်တော့ စာတစ်စောင်ကို တွေ့ ရသည်။
~_~ အစ်ကို ကျွန်တော့်တို့ ရှုတင်သွားတယ် အစ်ကိုနိုးလာရင် မီးဖိုပေါ်က ဟင်းရည်အိုးကိုနွေးလိုက်ပါ ပေါင်းအိုးကိုဖွင့်ကြည့်လိုက်ပါ ထမင်းလည်းချက်ထားတယ် စားပွဲပေါ်ကဟင်းတွေ အစ်ကိုကြိုက်မကြိုက်မသိပေမဲ့ မကြိုက်လည်း သည်းခံပြီးစားပေးပါ ထမင်းမစားပဲနဲ့တော့ မနေပါနဲ့ အစ်ကို 💫
Xiao Zhan စာကိုဖတ်ပြီး သက်ပြင်းချလိုက်သည် ဒီကလေးသူအပေါ်ဂရုစိုက်တာ အရင်တုန်းကရောအခုရော အတူတူပါပဲ့လား
Xiao Zhan ထမင်းစားပြီး Yiboကို ဖုန်းခေါ်ဖို့
ဖုန်းကိုအကိုင်" ငါ့ဆီမှာဒီကလေးဖုန်းနံပတ်မရှီပါ့လား
ငါဘယ်လို့လုပ် သူနောက်ကိုလိုက်သွားရမှာလဲ "Xiao Zhan စိတ်လျော့ကာ အိမ်ကိုပတ်ကြည့်လိုက်သည် ဒီကလေးမိဘက တော်တော်ချမ်းသာတာပဲ ဒီနိုင်ငံရောက်နေတာတောင်
တည်းခိုးခန်းဟိုတယ်မှာ
မနေရအောင် ဒီလိုအိမ်ကောင်းတစ်လုံး
စီစဥ်ပေးနိုင်တယ်⛈️⛈️⛈️⛈️⛈️⛈️⛈️
မိုးတွေအရမ်းရွာလာတာကြောင့် Xiao Zhan စိတ်ပူသွားသည်
" ကလေး...ကလေးက မိုးခြိမ်းသံကို အရမ်းကြောက်တယ် "
Xiao Zhan ချက်ခြင်းပဲ အကြံရသွားကာ အင်တာနက်ကိုဖွင့်ပြီး ကလေးProfileထဲ ဝင်ကြည့်လိုက်သည် နေရာကို သိတာနဲ့ Taxi ငှားကာ ချက်ခြင်းပဲထွက်လာလိုက်သည် ဟိုရောက်တော့ ကန်နားက တံတားမှာ မိုးရွာနေတာကို ရိုက်နေတဲ့ ကလေးကို
အံသြစွာတွေ့ရသည်။