Part 5
" ကိုကို...ကိုကို "
" ကလေးလေး ဘာလိုလို့လဲ "
" ကိုကို ကျွန်တော့်ကြောင့် ခွက်ကွဲသွားပြီလား
မသိဘူး "ကလေးခေါ်သံကြောင့် ကျွန်တော် ထမင်းစားခန်းထဲ ပြေးလာတော့ ကလေးလမ်းလျှောက်လာရင်း အောက်ကကွဲနေတဲ့ဖန်ခွက်စကို တက်နင်းမိမလို့
ဖြစ်တာကြောင့်" ကလေး!!....ကလေးလျှောက်မလာနဲ့ "
ကျွန်တော့်ကလေးဆီလာပြီး ကလေးကိုပွေ့ကာ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်သည်။
" Xiao Zhan ဆိုင်သွားရအောင် "
Yubinနဲ့ အားယွမ်က အသံပြုပြီး
ဝင်လာကာ" XiaoZhan မင်းခြေထောက်! "
ကျွန်တော် Yubinကို ခေါင်းရမ်းပြလိုက်သည်။
ကျွန်တော်ကလေးကို စိတ်ပူလို့ ကလေးဆီပြေးလာလိုက်တာကြောင့် ဖန်ခွဲစတွေ ခြေဖဝါးမှာ ဆူးမိသွားတာဖြစ်သည်။" ကိုကို...ကိုကိုဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ပါဘူး ကလေး "
" ကိုကို ကျွန်တော်ဖန်ခွက်ခွဲမိသွားပြီထင်တယ် "
" ခွက်ကိုခွဲမိသွားရင်လည်း ငြိမ်ငြိမ်လေးထိုင်နေပါ့လား ဘာလို့ထလာတာလဲ "
" စိတ်မဆိုးပါနဲ့ "
အားယွမ်က ဆေးဗူးယူကာ ကျွန်တော့်ခြေဖဝါးကို ဆေးထည့်ပြီး ပတ်တီးစီးပေးနေသည်။
" ကိုကိုစိတ်မဆိုးပါဘူး "
"ဆေးနံရတယ် ကိုကိုဘာဖြစ်သွားတာလဲ "
" ဘာမှမဖြစ်ဘူး မင်းကိုကိုက
ဖန်ခွဲစနည်းနည်းစူးမိသွားတာ "မပြောပါနဲ့ဆိုတာတောင်ပြောလိုက်တဲ့ Yubin
" ကိုကို ဒီနေ့အိမ်မှာ စာကျက်ရင်းနားလိုက်လေ ကျွန်တော် ဆိုင်သွားပြီး ပိုက်ဆံပိုရှာလာခဲ့ပါမယ် "
" ဘာလဲ ကိုကိုမပါလည်းဖြစ်ပြီပေါ့ ဆိုင်ပိုင်ရှင်က မင်းအပေါ်အရမ်းကောင်းတော့ မင်းက ဒီကိုကို့ကို မလိုအပ်တော့ဘူးပေါ့"
Xiao Zhan ကလေးဆန်စွာပြောမိသွားသည်။
" Xiao Zhan မင်းကလေးကိုဘာလိုပြောလိုက်တာလဲ ကလေးက မင်းပင်ပန်းမှာဆိုးလို့ ပြောတာကိုး "
