Part 25
Xiao Zhanတို့မနက်စာစားနေစဥ် အားယွမ်ထအော်သံကြောင့် Yu Bin လန့်ဖျတ်ကာ
"ဘာဖြစ်တာလဲ "
" အစ်ကိုနဲ့ Yiboဓာတ်ပုံတွေ လိုင်းမှာတက်လာတယ် "
Xiao Zhan အားယွမ်ဖုန်းယူကြည့်ပြီး ငိုင်နေစဥ် Yu Binဖုန်းကိုဆွဲယူကာကြည့်ပြီး
" ဒါဘယ်လိုဖြစ်တာလဲ အခုချက်ခြင်းတင်တာတောင် Commentတွေက သောင်းကျော်နေပြီ "
Xiao Zhan အခန်းထဲချက်ခြင်းဝင်ကာ အိတ်ယူပြီး Yiboအိမ်ကို ထွက်လာခဲ့လိုက်သည်။
" မင်္ဂလာပါ ဒေါက်တာကြိုဆိုပါတယ် "
ရိပေါ်တို့အိမ်ရဲ့နွေးထွေးမှုကြောင့် အံသြသွားသည်။
"မင်္ဂလာပါအန်တီ ဟို.."
" လိုင်းပေါ်ကသတင်းကြောင့်လာတာမဟုတ်လား "
" ဟုတ်ကဲ့ "
" TV အစီအစဥ်မှာ မိသားစုအင်တာဗျူးရှီတယ်
အခုကိုးနာရီပဲ "" ဗျာ! "
" ပရိသတ်ကသိချင်နေတယ် ဒီမင်္ဂလာပွဲဘယ်လိုဖြစ်တာလဲပေါ့ အဲ့တာကြောင့် မိဘအနေနဲ့ ကြည့်ဖြူစွာ သဘောတူတာကို ပရိသတ်ဆီချပြချင်တယ် အဲ့တာကြောင့် မိသားစုအင်တာဗျူးလေး လုပ်ထားတယ် ဒေါက်တာအဆင်ပြေတယ် မဟုတ်လား "
ရှောင်ကျန့်ကြားရတဲ့နားတောင် မယုံချင်ဘူး
ဖြစ်သွားသည်။" အဆင်ပြေပါတယ်
အရမ်းလည်းကျေးဇူးတင်ပါတယ် "" အစ်ကို! "
အပေါ်ထပ်ကနေသားအဖသုံးယောက်ဆင်းလာပြီး Yibo အစ်ကို့ကိုမြင်တာနဲ့ ပြေးဖက်လိုက်သည်
" ကျွန်တော့်သိသားပဲ သတင်းဖတ်ရရချင်း
ကျွန်တော့်ဆီတန်းလာမယ်လို့ "Xiao Zhan ကလေးကိုဖက်ထားရာကနေခွာပြီး ဥက္ကဋ္ဌကြီးကို ခေါင်းငုံ့ပြီး ဦးညွှတ်လိုက်သည်။
" ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး "
" အဖေပါ အစ်ကိုရဲ့ အဖေလို့ခေါ်ရမယ် "
" သားလေးပြောသလိုခေါ်နိုင်ပါတယ် "
" ဟုတ်ပါတယ် သားလေးခေါ်သလို
မားနဲ့ပါးလို့ ခေါ်နိုင်ပါတယ် "