Part 14
Yibo နိုးနိုးချင်း ကုတင်ဘေးက ထိုင်ခုံမှာ စာအုပ်ဖတ်နေတဲ့ ဒေါက်တာကိုတွေ့ရသည်။
" အစ်ကို "
Yiboခေါ်သံကြောင့် Xiao Zhan စာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး Yibo ထထိုင်လို့ရရန် ကူညီလိုက်သည်။
" ကလေးကဘယ်သူလဲ အစ်ကို "
" Yiboလေ "
" မဟုတ်ဘူးအစ်ကိုရင်ထဲမှာ
ရှီနေတဲ့ကလေးကိုပြောတာ "Xiao Zhan Yiboကိုကြည့်လိုက်တော့ အရမ်းသိချင်နေတဲ့ကလေးမျက်နှာ ဘာလို့သူဒီလိုမေးပါလိမ့်
" ဗိုက်ဆာနေပြီလား ကိုယ့်ယူလာပေးရမှာလား
ဒါမှမဟုတ် ထမင်းစားခန်းထဲမှာ သွားစားမလား "စကားကြောင်းလမ်းလွှဲသွားတဲ့ဒေါက်တာကြောင့် Yiboစိတ်ဘဝင်မကျကာ
" မနာလိုဘူး "
" ဟင်..ဘာပြောတာလဲ ကလေး "
" ကျွန်တော့်မိုးခြိမ်းတာကြောက်တာကို ဘယ်လိုသိလဲ "
" အရမ်းအမေးမြန်းထူးတာပဲ ကလေး "
Yiboသိချင်တာကို မဖြေတဲ့ဒေါက်တာကြောင့် Yibo မကျေမနပ်ဖြစ်မိတာ အမှန်ပဲ သူအတင်းမေးရင် ဒေါက်တာသူ့ကို ငြိုငြင်မှာလား
" Yibo နိုးပြီပဲ "
ယင်းရှောင်ဝင်လာပြီး မေးလိုက်သည်။
" အင်း "
" ဗိုက်ဆာပြီလား ကြေးအိုးလုပ်ထားတယ် "
" ကြေးအိုး "
သူမိုးမိတိုင်းကြေးအိုးကိုပဲစားခဲ့တာ ဒါကိုမန်နေဂျာက
မသိနိုင်ပါဘူး အိမ်မှာတောင်ပါးပါးတစ်ယောက်ပဲသိတာ" အရမ်းစားချင်လာပြီ ဒါပေမဲ့အခုရေချိုးဦးမယ် "
" Yiboကရေချိုးပြီးပြီလေ "
" ဟင် "
Yibo သူအဝတ်အစားတွေကို ပြန်ကြည့်လိုက်သည်
" အဝတ်အစားလဲပေးရုံပဲ မဟုတ်လား "
" ရေချိုးပေးတာရော အဝတ်အစားလဲပေးတာရောဒေါက်တာလုပ်ပေးတာပါ "
" ဟင် "
Yibo ဒေါက်တာကိုကြည့်လိုက်တော့
ဒေါက်တာက ဘာမှမဖြစ်တဲ့ပုံစံမျိုးပဲ