Part 36

6.4K 608 22
                                    

Part 36

" ကလေး ထတော့လေ "

" ဟုတ်ကဲ့ ကိုကို "

Xiao Zhan ကလေးရေချိုးဖို့
ပြင်ဆင်ပေးလိုက်သည်။

" ကိုကိုအဲ့အလုပ်တွေမလုပ်ပါနဲ့
ကျွန်တော့်ဘာသာလုပ်ပါမယ် "

" ကလေးမမှတ်မိလို့
ကလေးကကိုကိုလုပ်ပေးတာပဲ ကြိုက်ခဲ့တာ "

" ကျွန်တော့်မှတ်မိပါတယ် ကိုကို
ကျွန်တော့်ကိုကို့ကိုမှတ်မိလာတာပါ "

" ကလေး အဲ့တာဆို
ကိုကို့ကိုစိတ်မဆိုးတော့ဘူးလား "

" ဗျာ! "

" တွေ့လား ကလေးကိုကို့ကိုလိမ်နေတာ မမှတ်မိပဲနဲ့..
ရေမြန်မြန်ချိုး အအေးမမိစေနဲ့ ကိုကိုမနက်စာပြင်ထားပြီးစောင့်နေမယ် "

" ဟုတ်ကဲ့ ကိုကို "

    Yibo ရေချိုးပြီးကိုကိုနဲ့အတူမနက်စာစားပြီး
မားဆီက ဖုန်းလာလို့ကိုင်လိုက်သည်။

" ကိုကို မားက ညနေအိမ်မှာထမင်းလာစားတဲ့ "

" ကိုကို ရှုတင်ကိုလာကြိုရမလား "

" မလိုဘူး ကိုကို...ကျွန်တော့်က
ကိုကိုထက်စောချင်စောနေမှာ "

" ကလေးလေးသဘောပါ 
အခုတော့ကိုကိုလိုက်ပို့မယ် "

" ကိုကိုသဘောပါ "

အိမ်ကူဒေါ်လေးကပြုံးပြီး

" ကလေးသဘောကိုကိုသဘောနဲ့
မြင်ရတာ စိတ်ချမ်းသာလိုက်တာ "

" ညနေကျွန်တော့်တို့အတွက်မချက်နဲ့တော့
ဒေါ်လေး "

" ကလေးသဘောပါ.."

" အာ..ဒေါ်လေး "

ဝမ်ရိပေါ်ရှက်ပြုံး ပြုံးလိုက်၏ ။

" ဟားဟား...ဟားဟား "

  ဒေါ်လေးစကားကြောင့်
ဦးလေးနဲ့ကိုကိုရယ်နေကျသည်

🏤🏤🏤

" Yibo အသံက ဘာဖြစ်တာလဲ "

Yibo Studioမှာအသံသွင်းနေတုန်း
အသံကယိုင်နေတာကြောင့် ပြောနေကျသည်။

" Yibo နေမကောင်းဘူးလား "

" ကျွန်တော့်နေကောင်းပါတယ် အစ်ကို"

မခွဲအတူ Tahanan ng mga kuwento. Tumuklas ngayon