Part 33
သွေးသွင်းထားတာကြောင့်
ကလေးအိပ်ပျော်နေသည်။"မင်းလည်းနားသင့်နေပြီ ထိုင်မနေနဲ့
လှဲနေလိုက် "" ကျေးဇူးတင်ပါတယ် ဂျွန် "
"သူငယ်ချင်း အချင်းချင်းကျေးဇူးတင်စရာလား
ဒါနဲ့မင်းက တော်တော်အချစ်ကြီးတာပဲ ဆေးရုံမှာသွေးတွေရှီနေရဲ့သားနဲ့ ဘာလို့မင်းသွေးကိုလှူတာလဲ မင်းသွေးလှူထားတာ မကြာသေးဘူးလေ "" ဒါပေမဲ့တော်ပါသေးတယ်
ငါ့သွေးက ကလေးအတွက်လုံလောက်လို့ "သူငယ်ချင်းဂျွန်ကမနိုင်ဘူးဆိုတဲ့အဓီပ္ပါယ်နဲ့ ခေါင်းရမ်းပြီးပြုံးနေသည်။
" အဲ့တာကြောင့် မင်းတို့နှစ်ယောက်အတွဲက နာမည်ကြီးပြီး အများကအားကျနေရတာ "
ဂျွန်စကားကြောင့်Xiao Zhan ပြုံးမိ၏ ။
"ငါ့ပြန်တော့မယ် ငါ့စကားဆက်ပြောနေရင်
မင်းနားရမှာမဟုတ်ဘူး မင်းရဲ့ကလေးဘေးမှာ
အိပ်လိုက်တော့ "ဂျွန်ပြောပြီး ပြန်သွားသည် ကျွန်တော့် အိပ်ပျော်နေတဲ့ကလေးပါးနဲ့ နဖူးကို နမ်းလိုက်သည်။
💒💒💒
Yibo နိုးနိုးချင်း သူဘေးမှာအိပ်နေတဲ့ Xiao Zhanကိုမြင်ပြီး လန့်သွားသည်။
" ဟေ့လူ...ဟေ့ "
ကလေးနှိုးနေတာကြောင့် Xiao Zhan နိုးလာသည်
" ဘာလို့ ကျွန်တော့်အခန်းထဲမှာ အိပ်နေတာလဲ "
"ကလေးမေ့သွားပြီလား မနက်ကတည်းက ဦးလုံတို့လင်မယားနှစ်ယောက် ရောက်နေပြီလေ ကိုယ်တို့အခန်းခွဲအိပ်တာသိရင် ကလေးမိဘတွေသိကုန်မှာပေါ့ ကလေးက အဲ့လိုဖြစ်စေချင်လို့လား "
Yiboခေါင်းရမ်းလိုက်သည်
" ပါးပါးနဲ့မားမားသိရင် ကျွန်တော့်နဲ့ခင်ဗျားကို
တန်းကွာရှင်းခိုင်းမှာ ကျွန်တော့်အဲ့လိုမဖြစ်စေချင်ဘူး ခင်ဗျားကိုလွတ်လပ်ခွင့်မပေးချင်ဘူး "" ကလေးမိဘတွေသိရင်
ကိုယ့်ကိုရွံမုန်းကျမှာဆိုးလို့ မဟုတ်လား "