Part 8

7K 567 11
                                    

Part 8

" မင်းတို့ Star Dancerအဖွဲ့ ဒီနေ့ ညနေ Wang Yibo Fan Show မှာ Wang Yiboနဲ့အတူ ကရမယ်

" ဗျာ တကယ်လား "

    Star Dancerအဖွဲ့ ပျော်သွားသည် အပျော်ဆုံးကတော့ အားယွမ်ပဲဖြစ်သည် အားယွမ် သူ့သူငယ်ချင်း Wang Yiboကို အရမ်းတွေ့ချင်နေသည် ဒီနှစ်တွေအတွင်း သူကိုဘယ်လောက်လွမ်းခဲ့ရလဲ သူသိနိုင်ပါ့မလား

🌃🌃🌃🌃🌃

   Yibo Fan Show ပြီးသွားတော့ မောလာတာကြောင့် အိမ်ကိုမပြန်ပဲ အခန်းတစ်ခန်းထဲ ဝင်နားနေစဉ်

ဒေါက်..ဒေါက်

" ဝင်ခဲ့ပါ "

Dancer အဖွဲ့နဲ့အတူ ဝင်လာတဲ့
မန်နေဂျာ ယင်းရှောင်က

" ညီ သူတို့က ညီကိုမိတ်ဆက်ချင်လို့တဲ့ "

" ဟုတ်ကဲ့ပါခင်ဗျ  "

" ဝါး..အစ်ကိုက အရမ်းယဉ်ကျေးတာပဲ
ကျွန်တော့်နာမည် ကျီဝေပါ "

   လက်ကမ်းပေးတာကြောင့် Wang Yibo
ပြန်နှုတ်ဆက်လိုက်သည်။

" ကျွန်တော့်နာမည် အားယွမ်လို့ခေါ်ပါတယ် "

" အားယွမ်"

   Yibo အားယွမ်ကိုလက်ဆွဲနှုတ်ဆက်ရင်
ထူးဆန်းနေမိသည်။ ဒီနာမည်ကို ပထမဆုံးကြားဖူးပေမဲ့ ရင်းနှီးသလိုခံစားရသည်။

" အခု မျက်လုံးကောင်းကောင်းမြင်ရပြီပေါ့နော် "

" ဗျာ! "

အားယွမ်စကားကြောင့် Yibo ထပ်မံအံသြသွားပြန်သည်။

" ကျွန်တော့်ကိုမမှတ်မိဘူးလား "

  ထိုလူကထပ်မေးသည်။

" ကျွန်တော်နဲ့အရင်က တွေ့ဖူးလို့လား "

" ကျွန်တော့်အားယွမ်လေ မမှတ်မိဘူးလား "

     Yiboစဉ်းစားရင်း ခေါင်းကိုက်လာသည်

" ဒီလောက်ဆို အပြင်ထွက်ပေးပါတော့
ကျွန်တော်တို့Yibo နေမကောင်းလို့ပါ "

Yiboရဲ့မန်နေဂျာက အပြင်ထွက်ခိုင်းတာကြောင့်
အားယွမ်တို့အပြင်ထွက်လာလိုက်သည်

" မင်း Yibo ကို ဘာတွေသွားပြောနေတာလဲ "

" သူ ငါကိုမမှတ်မိဘူးပဲ "

" ဘာကိုမမှတ်မိတာလဲ "

" ဘာမှမဟုတ်ဘူး  "

  Yibo သူကို့မမှတ်မိဘူးပဲ အဲ့ဒါဆို အစ်ကို Xiao Zhan!..အစ်ကို Xiao Zhanကိုရော မှတ်မိပါ့မလား

🏥🏥🏥

" Xiao Zhan! Vip အခန်းNo.2က အရေးကြီးတဲ့ လူနာရောက်နေတယ် "

" အင်း ငါမြန်မြန်သွားလိုက်မယ် "

Xiao Zhan အခန်းထဲဝင်လိုက်တော့ သူအရမ်းတွေ့ချင်တဲ့ ကလေးလေး ဖြစ်နေသည်။

" ကလေး! "

" နာမည်ကျော်ကိုအခုမှမြင်ဖူးတာလား
ဒေါက်တာ မြန်မြန်ကြည့်ပေးပါ "

" သွေးအားနည်းနေတာပဲ သွေးသွင်းရမယ် "

  မန်နေဂျာဖြစ်သူကိုမကြည့်ပဲ ကလေးမျက်နှာကြည့်ကာ ပြောလိုက်သည်။

" စမ်းတောင်မစမ်းသပ်ရသေးဘူး ဘယ်လိုသိလဲ "

   Xiao Zhan ကလေးရဲ့ သွေးပေါင်ချိန်ကြည့်လိုက်သည် ပြီးတော့ Nurse ကိုမခိုင်းပဲ သူကိုယ့်တိုင်ပဲ သွေးပုလင်းချိတ်ပေးလိုက်သည်။

" Wangလေး! "

    Xiao Zhan ခေါ်လိုက်တော့ Wang Yibo
မျက်စိဖွင့်လာပြီး ကြည့်လိုက်သည်

" ကိုယ့်ကိုမြင်ရရဲ့လား "

" မြင်ရတာပေါ့ဗျ ကျုပ်တို့Yiboက မျက်လုံးကန်းနေတာမှ မဟုတ်ပဲ "

မန်နေဂျာက ဖြေလိုက်ပေမဲ့ Yibo ဒေါက်တာဆီက ရေမွှေးနံကို ရင်းနှီးနေတယ်

" ကိုကို.."

Yibo ကိုကိုလို့ခေါ်ပြီး မျက်စီမှတ်သွားသည်

" Wangလေး..Wangလေး! "

Wang Yiboကနှိုးလို့မရအောင် အိပ်ပျော်သွားလေသည်

" တော်တော်ထူးဆန်တဲ့ ဒေါက်တာပဲ
အပြင်ထွက်ပေးပါတော့ Yibo နားရမယ် "

Xiao Zhanအပြင်ထွက်လာခဲ့သည် အပြင်ရောက်တော့ သခင်ကြီးဆိုသူက  ဒီဘက်ကိုမြန်မြန်လာနေတာကို တွေ့ရသည် Xiao Zhan မြန်မြန်ပဲရှောင်ထွက်လာခဲ့လိုက်သည်။

❤️❤️❤️❤️❤️❤️❤️

မခွဲအတူ Where stories live. Discover now