Part 32

6K 650 59
                                    

Part 32

    Yibo ရိုက်ကွင်းနားချိန်ရောက်တော့
အားယွမ်အအေးဗူးယူလာပြီး သူဆီရောက်လာသည်။

" ကျွန်တော့်အအေးမသောက်ချင်ဘူး
ကော်ဖီခါးခါးသောက်ချင်တယ် "

" ခဏစောင့်နော် Yibo
ကျွန်တော်သွားဝယ်ပေးမယ် "

အားယွမ်ကကျွန်တော်အတွက်
ကော်ဖီဝယ်လာပေးပြီး
ကျွန်တော့်ဘေးနားမှာ ဝင်ထိုင်သည်။

"ကျေးဇူးတင်ပါတယ် "

Yibo ကော်ဖီတစ်ငုံသောက်ပြီး ဆိုလိုက်သည်။

"ကလပ်သွားတဲ့နေ့က ပုံတွေတက်လာပြီး အားလုံးက Yiboကိုအားကျနေကျတယ် တကယ်အဖြစ်မှန်ကိုတော့ သူတို့မသိဘူးပေါ့ "

" အဖြစ်အမှန်ဟုတ်လား "

" အစ်ကိုနဲ့အဆင်မပြေဘူး မဟုတ်လား
ဘာကြောင့်လဲ?
ဘာကြောင့်အစ်ကို့ကို စိတ်တိုနေရတာလဲ "

" မသိလို့မေးနေတာလား ယွမ်လေး "

" ဘာကိုလဲ အစ်ကိုဘာအမှားလုပ်လို့လဲ Yibo "

" ကျွန်တော့်ကိုသိနေတာကြာနေပြီမဟုတ်လား "

" Yibo! "

အားယွမ် Yiboကို အံသြစွာမှင်တက်စွာ
ကြည့်လိုက်သည်။

" ပြန်မှတ်မိသွားပြီလား "

" အံသြနေပုံထောက်ရင် ဟုတ်နေတာပဲ
ဒီလောက်ဆိုဘာလို့ ကျွန်တော့်
ယွမ်လေးရဲ့အစ်ကို့ကို ဘာကြောင့်
စိတ်တိုနေလဲသိလောက်မှာပါ "

      Yibo ပြောပြီး ထရပ်လိုက်တော့
အားယွမ်ကဆိုလေသည်။

" Yibo ဘာမှမမှတ်မိသေးဘူးပဲ
ဘယ်သူ့စကားတွေယုံပြီး ဘယ်လိုတွေသိရှီသွားလဲ
မသိပေမဲ့ Yiboပြန်မှတ်မိရင် ကိုကို့ကို
ဒီလိုဆက်ဆံမှာမဟုတ်ဘူး "

အားယွမ်လည်းပြောပြီးထရပ်လိုက်သည်။

" ဟုတ်လား အဲ့တုန်းက ကျွန်တော့်က အစ်ကို့ကို
ကျွန်တော့်ကို ခိုးလာတဲ့သူလို့ သိထားလား "

    Yibo အမေးကို အားယွမ်မဖြေနိုင်ပဲ
ငြိမ်နေလိုက်သည်

" ဖြေလေ..မဖြေနိုင်တော့ဘူးမဟုတ်လား အရင်တုန်းက သူ့ ကျွန်တော့်ကို ဘာတွေလိမ်ညာလှည့်စားခဲ့ပြီး ခိုင်းခဲ့တာလဲ ယွမ်လေးမြင်လို့လား သိလို့လား "

မခွဲအတူ Where stories live. Discover now